မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁ /၂၀၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁ /၂၀၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်


မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၆

မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၅)  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ တက်ရောက်သည်။

အစည်းအဝေးတွင် မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ဒေသနှင့်ကိုက်ညီသင့်လျော်သည့် ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဖြစ်သည့် ရော်ဘာလုပ်ငန်း၊ ဆားလုပ်ငန်းနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများကို ဦးစားပေးဖော်ထုတ်၍ ကာလတို၊ ကာလလတ် အစီအမံများ ချမှတ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြည်နယ်အတွင်း စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများနှင့် MSME လုပ်ငန်းများသည် အရေးပါဆုံး အခန်းကဏ္ဍတွင် ပါဝင်သဖြင့် အားပေးဆောင်ရွက်ကြရန် လိုအပ်သလို ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများစိမ့်ဝင်လာစေရေး ရင်းနှီးမြှုပ်နှံသူတွေ ကြုံတွေ့လာနိုင်သည့် အခက်အခဲများကို မိမိတို့ကော်မတီဝင်မျာယအနေဖြင့် အားပေးကူညီ ဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှူးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်း​အောင်က ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်စပ်လျဉ်းပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုချက်တင်ပြလာသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များက ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက်ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများမှ ဖြည့်စွက်ဆွေး​နွေးတင်ပြခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း ​ဆောင်ရွက်​ပေးခဲ့ကြောင်း သိရသည်။


စည်သူ

#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)