Pages

Pages

ပင်းတယမြို့နယ်၌ ခြောက်ကောင်ဂျင်လောင်းကစားပြုလုပ်သူ အမျိုးသား လေးဦးအား ဖမ်းဆီးအရေးယူ


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်က ခြောက်ကောင်ဂျင် လောင်းကစားပြုလုပ်သူ အမျိုးသား လေးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၉ ရက် ည ၈ နာရီခွဲတွင် ပင်းတယမြို့နယ်၊ လက်လဲကျေးရွာအနီး ဒေသအခေါ် ရေဂနိုင်ကုန်း၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ပင်းတယမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ လက်လဲကျေးရွာနေ ဘလွင်(၅၃)နှစ်၊ သာစည်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာနေ ဦးခေါင်(၆၄)နှစ်၊ အောင်ပန်းမြို့၊ ရွာငံစုရပ်ကွက်နေသူများဖြစ်သည့် ရဲထွဋ်(၄၇)နှစ်နှင့် ကျော်လွင်ဦး(၂၈)နှစ်တို့ လေးဦးအား ခြောက်ကောင်ဂျင် လောင်းကစားရာတွင် အသုံးပြုသည့် ခြောက်ကောင်ဂျင်ခုံ တစ်ခုံ၊ ဂျင်သီး ခြောက်လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ၂,၄၆၁,၀၀၀ ကျပ်၊ ဆိုင်ကယ် ငါးစီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 

၎င်းတို့ လေးဦးအား ပင်းတယမြို့မရဲစခန်း(ပ)၂၀/၂၀၂၅၊ လောင်းကစားဥပဒေ ပုဒ်မ ၁၅(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment