Pages

Pages

ရန်ကုန်စက်မှုတက္ကသိုလ်(နည်းပညာတက္ကသိုလ်) ၁၉၈၁-၈၄ စက်မှုအင်ဂျင်နီယာဘွဲ့ရ ကျောင်းသား ကျောင်းသူဟောင်းများ၏ နှစ် ၄၀ ပြည့် မြတ်ဆရာပူဇော်ပွဲကျင်းပ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ရန်ကုန်စက်မှုတက္ကသိုလ် (ယခု ရန်ကုန်နည်းပညာတက္ကသိုလ်) ၁၉၈၁-၈၄ စက်မှုအင်ဂျင်နီယာ ကျောင်းဆင်းများ၏ နှစ် ၄၀ ပြည့် မြတ်ဆရာပူဇော်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ကြားတောရလမ်းရှိ သုခပြည့်စုံ၊ ဓမ္မဗိမာန်တော်ကြီး ဦးအရိယကျောင်းတိုက်၌ ကျင်းပသည်။

အခမ်းအနားတွင် ကြွရောက်လာကြသည့် ဆရာကြီးများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြပြီး ကန်တော့ခံဆရာကြီးများ ကိုယ်စား စက်မှုအင်ဂျင်နီယာဌာနမှ အငြိမ်းစားဆရာကြီး ဦးထွန်းရွှေက ဆုတောင်းမေတ္တာစကားပြောကြားကာ ကျောင်းသား ဟောင်းတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ မြတ်ဆရာပူဇော်ပွဲသို့ ၁၉၈၁- ၈၄ ပညာသင်နှစ် စက်မှုအင်ဂျင်နီယာဘွဲ့ရ ပြည်တွင်း ပြည်ပမှ ကျောင်းသား ကျောင်းသူဟောင်းများ တက်ရောက်ပြီး မြတ်ဆရာများကို မြန်မာ့ရိုးရာ အစဉ်အလာများနှင့်အညီ ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။


#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment