Pages

Pages

မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း က (၂၆)ကြိမ်မြောက် သက်ကြီး စာကြည့်တိုက်ပညာရှင်များ ပူဇော်ပွဲကျင်းပ





ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း က (၂၆)ကြိမ်မြောက် သက်ကြီး စာကြည့်တိုက်ပညာရှင်များ ပူဇော်ပွဲကို ယနေနံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ M3 Food Center တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပူဇော်ပွဲတွင် မြန်မာနိုင်ငံစာကြည့်တိုက်များအသင်း ဥက္ကဋ္ဌ က ဂါရဝစကားပြောကြားပြီး သက်ကြီးဝါကြီး ဆရာကြီး၊ ဆရာမကြီးများက မိတ်ဆက်စကားပြောခြင်း၊ ကွယ်လွန်သွားပြီဖြစ်သော ဆရာကြီး၊ ဆရာမကြီးများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ငြိမ်သက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

အစီအစဉ်အရ သက်ကြီးဝါကြီး ဆရာကြီး၊ ဆရာမကြီးများကို ပူဇော်ကန်တော့ကြပြီး ပူဇော်ကန်တော့ငွေများ ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ဆရာကြီး၊ ဆရာမကြီးများ၏ သြဝါဒစကားကို ခံယူပြီး စာကြည့်တိုက်နှင့် သုတပညာ ထူးချွန်ဆုရသူများကို ဆုများပေးအပ်ချီးမြှင့်ပြီး ဆုမဲဖောက်ခြင်းအစီအစဉ်များဖြင့် အောင်မြင်စွာ ကျင်းပဆောင်ရွက်ခဲ့သည်။


#MNP #News 

https://t.me/MyanmarNationalPost

No comments:

Post a Comment