Pages

Pages

တောင်ကြီးမြို့တွင် ငွေကျပ်သိန်း ၂,၆၄၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိ


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ၁၀၄၀ အချိန် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်တွင် မုန်းမုန်း(ခ)ဇော်ဦး မောင်းနှင်လာသည့် TOYOTA WISH အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၂.၄ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂,၆၄၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ 

မုန်းမုန်း(ခ)ဇော်ဦး(၃၁)နှစ်အား တောင်ကြီးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။


#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment