Pages

Pages

သာသနာရေးဦးစီးဌာနနှင့် ရုရှားအော်သိုဒေါ့ ခရစ်ယာန်အသင်းတော်တို့အကြား သာသနာရေးလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခြင်းဆိုင်ရာ သဘောတူစာချုပ် (LOA) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကျင်းပ


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှားအော်သိုဒေါ့ ခရစ်ယာန်အသင်းတော်တို့အကြား သာသနာရေးလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခြင်းဆိုင်ရာ သဘောတူစာချုပ် (LOA) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ M Gallery Hotel ၌ ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E Mr. Iskander AZIZOV နှင့် သံရုံးတာဝန်ခံများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရှေ့တောင်အာရှဒေသလုံးဆိုင်ရာ စင်ကာပူအော်သိုဒေါ့ ခရစ်ယာန်သာသနာ့ဂိုဏ်းချုပ်၊ His Enineence Sergiy Metropolaitan of Singapore and South - East Asia အရှေ့တောင်အာရှဆိုင်ရာ ရုရှားအော်သိုဒေါ့ ခရစ်ယာန်အသင်းတော်၏ မြန်မာနိုင်ငံဆိုင်ရာ အသင်းတော်တာဝန်ခံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။

ထို့နောက် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သဘောတူစာချုပ် (LOA) နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး သာသနာရေးလုပ်ငန်းဆောင်ရွက်ခွင့်ပြုခြင်းဆိုင်ရာ သဘောတူစာချုပ် (LOA) လက်မှတ်ရေးထိုးခြင်းကို နှစ်ဖက်တာဝန်ရှိကိုယ်စားလှယ်များက အခမ်းအနားအစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ကြသည်။

ယင်းနောက် ရုရှားအော်သို ဒေါ့ခရစ်ယာန်အသင်းတော်နှင့် စင်ကာပူအော်သိုဒေါ့ ခရစ်ယာန် သာသနာ့ဂိုဏ်းချုပ်ဘုန်းတော်ကြီးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကြောင်း သိရသည်။


#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment