Pages

Pages

ခရီးသွားပြည်သူများ လိုက်ပါလာသည့် ကားတစ်စီးအား PDF အကြမ်းဖက်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်


မြိတ်၊ ဖေဖော်ဝါရီ ၁၈

ညောင်ပင်ကွင်းရွာမှ မြိတ်မြို့သို့ မောင်းနှင်လာသည့် လူ ၂၀ ဦးခန့် လိုက်ပါလာသည့် Light Truck ယာဉ်အား ဖေ ၁၈ ရက် (ယနေ့)နေ့လည် ၂ နာရီကျော်ခန့်က တနင်္သာရီမြို့နယ်၊ ပနပ်ငယ်ရွာအနီးတွင် အကြမ်းဖက် PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် ပြည်သူ (၁၀)ဦး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဒဏ်ရာရသူများမှာ -

(၁) ဒေါ်တင်မာခိုင် (၄၆) နှစ် 

(၂) ဒေါ်ရှု (၆၄)နှစ်

(၃) မောင်ဟန်ဖြိုးခန့် (၁၈)နှစ်

(၄) ဒေါ်စန်းယု (၅၂) နှစ်

(၅) ဒေါ်မြင့်မော် (၄၇) နှစ်

(၆) မောင်ကျူဟန် (၁၈) နှစ်

(၇) မနှင်းဇူလိုင် (၁၅) နှစ်

(၈) ဒေါ်အေးမွန် (၅၄) နှစ်

(၉) ဒေါ်စန်းမော် (၅၀) နှစ်

(၁၀) ဒေါ်ပြုံး (၄၂) နှစ်

တို့ဖြစ်ပြီး ညနေ ၄ နာရီခွဲခန့်တွင် ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိ ဆေးကုသခံယူလျက်ရှိကြောင်း သိရသည်။


#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment