Pages

Pages

မြန်မာသံရုံး၊ ကူဝိတ်မြို့မှ “Youm Al-Bahar” Cultural and Social Event တွင် ပါဝင်ဆင်နွှဲ



ကူဝိတ်၊ ဖေဖော်ဝါရီ ၂၁

ကူဝိတ်နိုင်ငံ၊ ကူဝိတ်မြို့ Youm-Al-Bahar Cultural Village တွင် ၂၀-၂-၂၀၂၅ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် “Youm Al-Bahar” Cultural and Social Event ပွဲတော်သို့ မြန်မာ သံရုံး၊ ကူဝိတ်မြို့မှ ပါဝင်ဆင်နွှဲခဲ့သည်။ 

အဆိုပါပွဲတော်ကို ကူဝိတ်ပြန်ကြားရေးဝန်ကြီးဌာန၊ ကူဝိတ်ရှိသံတမန်အဖွဲ့နာယက တာဂျစ်ကစ္စတန်သံအမတ်ကြီးနှင့်  ကူဝိတ်မြို့ အခြေစိုက် UN Habitat တို့ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး နိုင်ငံပေါင်း(၆၄)နိုင်ငံမှ သံရုံးများမှ ပါဝင်ဆင်နွှဲ ခဲ့ကြသည်။ အဆိုပါပွဲတော်၌ သက်ဆိုင်ရာသံရုံးများက ၎င်းတို့နိုင်ငံအလိုက် ယဉ်ကျေးမှုနှင့် အနုပညာပစ္စည်းများကို ခင်းကျင်းပြသခဲ့ပြီး ယဉ်ကျေးမှုအကများဖြင့် တင်ဆက်ခဲ့ကြသည်။ ထို့အတူ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ အလက်များကိုလည်း နိုင်ငံ အလိုက်ပြသခဲ့ကြသည်။ 

မြန်မာသံရုံး ကူဝိတ်မြို့အနေဖြင့် မြန်မာ့အနုပညာလက်မှုပစ္စည်းများကို ပါဝင်ခင်းကျင်းပြသခဲ့ပြီး ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့်ပတ်သက်၍ မြန်မာပြည်ရှိ အထင်ကရ ခရီးသွားနေရာများပါရှိသည့် လက်ကမ်းစာစောင်များ၊ စီဒီခွေများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 


#News #MNP

https://t.me/MyanmarNationalPost


No comments:

Post a Comment