ကွမ်းခြံကုန်းမြို့နယ်တွင် ကာယပညာဦးစီးဌာနမှ နွေရာသီအားကစားသင်တန်းဖွင်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွမ်းခြံကုန်းမြို့နယ်တွင် ကာယပညာဦးစီးဌာနမှ နွေရာသီအားကစားသင်တန်းဖွင်လှစ်

 



ကွမ်းခြံကုန်း  ၊ မတ် ၁၆


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနကဦးဆောင်၍ မျိုးဆက်သစ် အားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရန်၊ မြို့နယ်ကိုယ်စားပြုအားကစားသမားများမှတစ်ဆင့် နိုင်ငံလက်ရွေးစင်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းအား တော်ကူးကျေးရွာနှင့် တောကျောင်းကျေးရွာများတွင် ဖွင့်လှစ်ပေးလျက်ရှိပါသည်။


အဆိုပါ နွေရာသီအားကစားသင်တန်းနေ့စဉ်နံနက် ၆ နာရီမှ ၉ နာရီအထိ အားကစားနည်း(၃)နည်း သင်ကြားပေးလျက်ရှိရာ ဘောလုံးကစားနည်းတွင် သင်တန်းသား ၄၀ ဦး၊ ဘောလီဘော်ကစားနည်းတွင် သင်တန်းသား ၃၄ ဦးနှင့် ပိုက်ကျော်ခြင်း ကစားနည်းတွင် သင်တန်းသား ၂၆ ဦး   စုစု‌ပေါင်း သင်တန်းသား/သူ ၉၀ ဦးကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းအား တစ်လကြာပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


ဆွေနွယ်


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)