Pages

Pages

ကော့မှူးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား/ကျောင်းသူ(၅၀၈)ဦး ဝင်ရောက်ဖြေဆိုမည်




ကော့မှူး , မတ် ၁၆


ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အ.ထ.က(ကော့မှူး)စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုဝင်ရောက်ဖြေဆိုရန်‌ ကျောင်း သား/ကျောင်းသူ(၅၀၈)ဦး စာရင်း‌ပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ကော့မှူးမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း‌ဖြေဆိုရန် စာရင်းပေးသွင်းထား‌သော အတွင်းဖြေ ကျောင်းသား‌(၁၈၈)ဦး၊ ကျောင်းသူ(၂၅၂)ဦး စုစုပေါင်း(၄၄၀)ဦး၊ ပြင်ပဖြေကျောင်းသား(၃၇)ဦး၊ ကျောင်းသူ(၃၁)ဦး စုစုပေါင်း(၆၈)ဦး အတွင်းအပြင်ဝင်ရောက်ဖြေဆိုရန် စုစု‌ပေါင်း(၅၀၈)ဦး စာရင်းပေးသွင်းထားကြောင်း သိရသည်။


၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၇ ရက်မှစတင်၍ မတ်လ ၂၂ ရက်နေ့အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒေ/ပထဝီဝင်၊ ရူပဗေဒ/သမိုင်း/ဇီဝဗေဒ/ဘောဂဗေဒတို့ကို တစ်ရက်တစ်ဘာသာနှုန်းဖြင့် နံနက် ၉ နာရီမှ ၁၂ နာရီအထိ ပိတ်ရက်မရှိဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။


ကျော်သူရ


https://t.me/MyanmarNationalPost

No comments:

Post a Comment