Pages

Pages

ပေါင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားကျောင်းသူ (၆၈၈)ဦး ဝင်ရောက်ဖြေဆိုမည်




ပေါင်၊ မတ်  ၁၅

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသားကျောင်းသူ (၆၈၈)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး စာမေးပွဲအား မတ်လ (၁၇)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း  သိရသည်။

ပေါင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကိုအခြေခံပညာ   အထက်တန်းကျောင်း စာစစ်ဌာန (၃)ခုဖြစ်သည့်  (အထက) ပေါင်၊(အထက) ဇင်းကျိုက်၊ (အထက) မုတ္တမ တို့၌ ကျင်းပသွားမည်ဖြစ်ပြီး ကျောင်းသားကျောင်းသူများက ဘာသာတွဲ (၁)တွင် ဝင်ရောက်ဖြေဆိုသူ( ၂၉၄ )ဦး၊ ဘာသာတွဲ (၂)တွင်  ဖြေဆိုသူ ( ၃၆၂ )ဦး၊  ဘာသာတွဲ (၇)တွင် ဖြေဆိုသူ ( ၃၂ )ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ( ၆၈၈ )ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment