ယီမင်က ဟူသီသူပုန်တွေကို အမေရိကန်က လေကြောင်းစစ်ဆင်ရေးဝင်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယီမင်က ဟူသီသူပုန်တွေကို အမေရိကန်က လေကြောင်းစစ်ဆင်ရေးဝင်ပြီ


မတ်- ၁၆ ( တနင်္ဂနွေနေ့ ) 

ယီမင်အခြေစိုက် ဟူသီစစ်သွေးကြွများကို အမေရိကန်က လေကြောင်းတိုက်ခိုက်မှု ဆင်နွှဲပြီးနောက် လူဒါဇင်နှင့်ချီ သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ အဲ့ဒိစစ်ဆင်ရေးကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကိုယ်တိုင်ကိုယ်ကျ စောင့်ကြည့်ခဲ့ပါတယ်။ 

ဟူသီသူပုန်များကို စနေနေ့က “ပြတ်ပြတ်သားသားနှင့် ပြင်းထန်သော စစ်ရေးအရ အရေးယူမှု” လုပ်မယ်လို့ ကြေငြာစကားမှာ အမေရိကန်ရဲ့ အကျိူစီးပွားကို တိုက်ခိုက်နေတာ မရပ်မချင်း နဲ့ ဒေသတွင်း နိုင်ငံတကာ ကူးသန်းသွားလာမှုကို အနှောင့်အယှက်ပေးပါက ၎င်းတို့အပေါ် “ငရဲမိုးရွာလိမ့်မည်”လို့ သတိပေးထားပါတယ်။ 

ယီမင်နိုင်ငံ မြို့တော် ဆန်နား တွင် အရပ်သား ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ကလေးငယ် လေးဦးနှင့် အမျိုးသမီး တစ်ဦးပါဝင်ပါတယ်။ မြောက်ပိုင်း ဆားဒါ ပြည်နယ်တွင် အမေရိကန်၏ တိုက်ခိုက်မှုအတွင်း အခြား ၁၀ ဦးအသက်ဆုံးရှုံးခဲ့ကြောင်း ဟူသီ ကျန်းမာရေး ဝန်ကြီးဌာနမှ ပြောကြားခဲ့ပါတယ် ။ နောက်ထပ် လူနှစ်ဒါဇင် နီးပါး ဒဏ်ရာရခဲ့ပါတယ်။

ဟူသီ၏ နိုင်ငံရေးဗျူရိုက တိုက်ခိုက်မှုကို စစ်ရာဇ၀တ်မှုအဖြစ် ရှုတ်ချခဲ့ပြီး “ကျွန်ုပ်တို့၏ ယီမင်လက်နက်ကိုင်တပ်ဖွဲ့များအနေနဲ့ ရန်သူရဲ့ ထိုးစစ် တိုးမြင့်လာမှုကို တုံ့ပြန်ရန် အပြည့်အဝ ပြင်ဆင်ထားပါတယ်” လို့  ပြောကြားခဲ့ပါတယ်။ 


REF : RT                                                               

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)