Pages

Pages

ပြင်သစ် ပျံသန်းရေး သရုပ်ပြတပ်ဖွဲ့၏ လေယာဉ်နှစ်စင်း တိုက်မိ



ပဲရစ်၊ မတ် ၂၆ 

ပြင်သစ်လေတပ် “Patrouille de France” ပျံသန်းရေး သရုပ်ပြတပ်ဖွဲ့၏ လေယာဉ်နှစ်စင်းသည် မတ် ၂၅ ရက် ညနေပိုင်းတွင် ပြင်သစ်နိုင်ငံ အရှေ့ပိုင်း Marne ပြည်နယ်၌ လေ့ကျင့်ပျံသန်းစဉ် တိုက်မိခဲ့ကြောင်း ပြင်သစ် ကာကွယ်ရေးဝန်ကြီး Sébastien Lecornu က အဆိုပါနေ့တွင် လူမှုမီဒီယာမှတစ်ဆင့် ပြောကြားခဲ့သည်။

ထိုမတော်တဆမှုဖြစ်ပွားခဲ့သော လေယာဉ်နှစ်စင်းမှာ Alpha ဂျက်လေယာဉ် ဖြစ်ပြီး ကယ်ဆယ်ရေးလှုပ်ရှားမှုများ စတင်ခဲ့ပြီးဖြစ်ကြောင်း Lecornu က ပြောကြားခဲ့သည်။

လေယာဉ်ပေါ်ရှိ လေယာဉ်မှူး နှစ်ဦးနှင့် ခရီးသည် ၁ ဦးသည် အောင်မြင်စွာ ခုန်ချ လွတ်မြောက်ခဲ့ပြီး ပြန်တွေ့သောအခါ “သတိ” ရှိကြကြောင်း၊ လက်ရှိတွင် ထိုလူ ၃ ဦးမှာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း ပြင်သစ်စစ်တပ်သတင်းကို ကိုးကား၍ ပြင်သစ်မီဒီယာက ဖော်ပြခဲ့သည်။

“Patrouille de France” ပျံသန်းရေး သရုပ်ပြတပ်ဖွဲ့သည် မတ် ၂၄ ရက်မှ မတ် ၂၈ ရက်အထိ Marne ပြည်နယ်တစ်နေရာရှိ လေတပ်အခြေစိုက်စခန်း၌ လေ့ကျင့်မှုပြုလုပ်ရန် မူလက စီစဉ်ထားကြောင်း သတင်းအရ သိရသည်။


Ref - (Xinhua)

https://t.me/MyanmarNationalPost

No comments:

Post a Comment