Pages

Pages

ခိုလမ်မြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ်များအား ထောက်ပံ့ငွေပေးအပ်





ခိုလမ်၊ မတ် ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့တွင် မတ်လ(၂၃)ရက်နေ့မွန်းလွဲ(၂)နာရီခွဲတွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုနှင့်အတူ မိုးသီးကြွေကျမှုကြောင့် ဟိုနောင်ကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာရှိ လူနေအိမ်ခေါင်မိုး(သွပ်မိုး) ပေါက်ပြဲမှုများကြောင့် ပျက်စီးသွားသော အိမ်ထောင်စုများအား ယမန်နေ့ နံနက်ပိုင်း (၁၁)နာရီခွဲအချိန်က ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ထိုသို့ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်မှုအား မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးနှင့် တာဝန်ရှိသူများမှ ပျက်စီးသွားသော အိမ်ခြေ၊ အိမ်ထောင်စု(၁၀၈)ဦးတို့အတွက် အိမ်ထောင်စုတစ်စုလျှင် ငွေ (၅၀၀၀၀)ကျပ်ဖြင့် စုစုပေါင်း(၅၄၀၀၀၀၀)နှင့် ဆန်ရိက္ခာအတွက် (၁၃၆၂၉၀၀)ကျပ်၊ စုစုပေါင်း (၆၇၆၂၉၀၀)ကျပ်တို့အား ကျေးရွာပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ခိုလမ်

https://t.me/MyanmarNationalPost


No comments:

Post a Comment