Pages

Pages

ဒေါ်လာ ၇ သိန်းခွဲကျော်တန် စိတ်နားကပ်တွေကို သူခိုး ဗိုက်ထဲကနေ ဖမ်းမိ


မတ် - ၇ ( ကြာသပတေးနေ့ ) 

အမေရိကား အော်လန်ဒိုပြည်နယ်က စိန်ဆိုင်တစ်ဆိုင်ကို သူခိုးတစ်ယောက်ဝင်လာပြီး စိန်နားကပ်တစ်ရံကို ခိုးယူသွားပါတယ်။ စီစီတီဗီ မှာ မြင်လိုက်လို့ ဆိုင်ရှင်က ရဲတိုင်လိုက်တဲ့အခါမှာ ရဲတွေက သူခိုးကို လိုက်ဖမ်းပါတယ်။ အဝေးပြေးလမ်းတစ်နေရာရောက်မှ သူခိုးကို ဖမ်းမိလိုက်ပါတယ်။ ရဲတွေက သူခိုး နဲ့ သူ့ရဲ့ကားကို နေရာအနှံ့လိုက်ရှာပေမဲ့ စိန်နားကပ်ကို မတွေခဲ့ရပါဘူး။ 

ဒါပေမဲ့ စီစီတီဗီ မှတ်တမ်းမှာ စိန်နားကပ်ခိုးယူသွားတာကို အတိအကျ တွေ့ရပေမဲ့ သက်သေစိန်နားကပ်ကို ရှာမတွေ့လို့ ရဲတွေအကျပ်ရိုက်နေပါတယ်။ နောက်ဆုံးတော့ ရဲအရှိတစ်ဦးက အဲ့ဒိသူခိုးကို ဘောဒီစကန် ( ဓာတ်မှန် ) ဖတ်ဖို့အတွက် တောင်းဆိုတော့ သူခိုးက အကြောက်အကန်ငြင်းဆိုမှု လုပ်ခဲ့ပါတယ်။ ရဲတွေက သူ့ကို ဆေးရုံတစ်ရုံကို ခေါ်ဆောင်သွားပြီးနောက် တစ်ကိုယ်လုံးကို ဓာတ်မှန်ရိုက်တော့မှပဲ သူခိုးရဲ့ အစာအိမ်ထဲမှာ စိန်နားကပ်ရှိနေတာကို တွေ့လိုက်ရပါတယ်။ ဆေးရုံမှာ စိန်နားကတ်ကို ထုတ်ယူဖို့ လုပ်ပြီးနောက်မှာတော့ သူခိုးကို ရဲတွေက အမှုလုပ်ပြီး ဖမ်းဆီးခဲ့ပါတယ်။ 

 သူခိုးက အသက် ၃၂ နှစ်အရွယ် ဂျေသန်လောရင့်ဂစ်လ်တာဖြစ်ပြီး သူခိုးခဲ့တာက ၄.၈ ကာရက်ရှိတဲ့ ဒေါ်လာ ၁သိန်း ၆ သောင်းတန် စိန်နားကတ် နဲ့  ၈.၁၀ ကာရက်ရှိတဲ့ ၆သိန်း  ၁သောင်းတန် စိန်နားပ်တွေပဲဖြစ်ပြီး တစ်ဖနီအန်ကို စတိုးဆိုင်ကနေ ခိုးသွားတာပဲ ဖြစ်ပါတယ်။ 


REF - Hindustan Times

https://t.me/MyanmarNationalPost

No comments:

Post a Comment