သုံးခွ၊ ခရမ်း၊ သန်လျင်နှင့် ကျောက်တန်းမြို့နယ်များရှိ လုံခြုံရေးအဖွဲ့ဝင်များသို့ ယူနီဖောင်း၊ ဆန်နှင့် ဆီများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သုံးခွ၊ ခရမ်း၊ သန်လျင်နှင့် ကျောက်တန်းမြို့နယ်များရှိ လုံခြုံရေးအဖွဲ့ဝင်များသို့ ယူနီဖောင်း၊ ဆန်နှင့် ဆီများပေးအပ်


ရန်ကုန်၊ မတ် ၆

သုံးခွနှင့်ခရမ်းမြို့နယ်ရှိ လုံခြုံရေးအဖွဲ့ဝင်များသို့ ယူနီဖောင်း၊ ဆန်နှင့်ဆီများပေးအပ်ပွဲ အခမ်းအနားကို သုံးခွမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင်လည်းကောင်း၊ သန်လျင်နှင့်ကျောက်တန်းမြို့နယ်များရှိ လုံခြုံရေးအဖွဲ့ဝင်များသို့ ယူနီဖောင်း၊ ဆန်နှင့်ဆီများပေးအပ်ပွဲအခမ်းအနားကို သန်လျင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင်လည်းကောင်း ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

ထို့သို့ ယူနီဖောင်း၊ ဆန်နှင့်ဆီများပေးအပ်ပွဲအခမ်းအနားများတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက လုံခြုံရေး အဖွဲ့ဝင်များအတွက် ယူနီဖောင်းများ မိသားစုများအတွက် ဆန်နှင့်ဆီများပေးအပ်ရာ  အဆိုပါမြို့နယ်များမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် လုံခြုံရေးအဖွဲ့ဝင်များ ကိုယ်စားတာဝန်ရှိသူများက လက်ခံရယူကြသည်။

ယင်းနောက် လုံခြုံရေးအဖွဲ့ဝင်များကိုယ်စား အဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က တပ်ဖွဲ့ဝင်များကို အားပေးစကားပြောကြား၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။


ဇွဲထက်ကို 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)