Pages

Pages

ပင်လောင်းမြို့နယ်အတွင်း အကြမ်းဖက်နှိမ်နင်းရေးဆောင်ရွက်



ပင်လောင်း၊ မတ် ၁၀

တပ်မတော်၊ PNO ပူးပေါင်းလုံခြုံရေးအဖွဲသည် ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြိုနယ်အတွင်း မတ် ၁၀ ရက် (ယနေ့) မနက်ပိုင်းအချိန်က နယ်မြေရှင်းလင်းစဉ် ကောင်းထိုရွာအနီးတွင် အကြမ်းဖက် PNLA ၂၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ဆုတ်ခွါထွက်ပြေးသွားခဲ့သည်။

 ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ PNLA အကြမ်းဖက်သမား ၅ လောင်း၊ သေနတ်မျိုးစုံ ၆ လက်၊ M-22 သေနတ် ၃ လက်၊ MA-3 သေနတ် ၂ လက်၊ M-79 ဗုံးပစ်လောင်ချာ ၁ လက် တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment