ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တောင်ကြီးမြို့နယ် ဦးစီးမှူးရုံး၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် လုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တောင်ကြီးမြို့နယ် ဦးစီးမှူးရုံး၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် လုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုအားပေး


နေပြည်တော်၊ မတ် ၂၂

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်သည် ယမန်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန တောင်ကြီးမြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ မြို့နယ်ရုံးအတွင်း၌ ဝန်ထမ်းများက နိုင်ငံ သားစိစစ်ရေးကတ်မရှိသေးသူများ၊ လဲလှယ်နှင့် မိတ္တူလျှောက်ထားသူပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားကတ် စိစစ်ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ယင်းနောက် မြို့နယ်ရုံးအတွင်း စာရွက်စာတမ်းများ ထိန်းသိမ်းထားရှိမှုနှင့် မှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျ ထိန်းသိမ်းထားရှိမှု၊ မီးဘေးအန္တရာယ်နှင့် ပိုးမွှားအန္တရာယ်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးပြီး အဆိုပါရုံးခန်းအနီး၌ နိုင်ငံသားစိစစ်ရေးကတ် ရရှိပြီးသည့် ဒေသခံပြည်သူများကို e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ် ထုတ်ပေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသအသီးသီးမှ ယာယီရွှေ့ပြောင်းရောက်ရှိနေသူများအနက် နိုင်ငံသားစိစစ်ရေးကတ်ရရှိပြီးသည့် ပြည်သူများ အား e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု၍ လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများအား လုပ်ငန်းဆိုင်ရာ အခက်အခဲများကို မေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးသည်။

ထို့နောက် ခန်းမအတွင်း၌ ယာယီရုံးခွဲများ ဖွင့်လှစ်ထားရှိမှုနှင့် ယာယီရုံးခွဲများတွင် သက်ဆိုင်ရာဒေသများမှ ယာယီရွှေ့ပြောင်းရောက်ရှိနေကြသည့် ပြည်သူများက နိုင်ငံသားစိစစ်ရေး ကတ် လာရောက်လျှောက်ထား ဆောင်ရွက်မှု၊ ပျောက်ပျက်မိတ္တူလဲလှယ်မှုနှင့် အိမ်ထောင်စုစာရင်း အတိုးအလျှော့၊ ပြောင်းဝင်ပြောင်းထွက်၊ မိတ္တူလျှောက်ထားမှုအခြေအနေများကို လှည့်လည် ကြည့်ရှုအားပေးကာ လာရောက်ဆောင်ရွက်ကြသူများ၏ လုပ်ငန်းဆိုင်ရာအခက်အခဲများအပေါ် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး၊ မှတ်တမ်းမှတ်ရာများ စနစ်တကျရေးသွင်း၍ အချက်အလက် မှန်ကန်စေရေးအတွက် စနစ်တကျ တိုက်ဆိုင်စိစစ်ဆောင်ရွက်ရေး၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြန့်ကြာမှုမရှိအောင် ဆောင်ရွက်ပေးရေး မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)