မြို့သစ်မြို့၌ “လူကုန်ကူးမှု” တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြို့သစ်မြို့၌ “လူကုန်ကူးမှု” တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ





မြို့သစ်၊ မတ် ၂၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ကျောင်းသားလူငယ်များအား “လူကုန်ကူးမှု” တားဆီးကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကို ပိုမိုသိရှိနိုင်စေရန်အတွက် “လူကုန်ကူးမှု” တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို မတ်လ (၂၆) ရက်နေ့ နေ့လယ်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်ကို နွေရာသီကျောင်းပိတ်ရက်အတွင်း ပြည်သူ့စာကြည့်တိုက်သို့ “အခြေခံပန်းချီပညာသင်တန်း” တက်ရောက်ရန်လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများ လေ့လာဖတ်ရှုကြပြီး နံရံကပ်စာစောင်တွင် “လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေများ၊ ကျရောက်နိုင်သောပြစ်မှုပြစ်ဒဏ်များ၊ လူသည်ရောင်းကုန်မဟုတ်ပါ” စသည်တို့ကိုထည့် သွင်းပြသထားသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အထိမ်းအမှတ်နေ့များ၊ အသိပညာပေး အကြောင်းအရာများကို ကျောင်းသား/သူများ၊ ပြည်သူများ ပိုမိုသိရှိ‌စေရေး အသိပညာပေးလုပ်ငန်းများဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သန်းဝင်းထွန်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)