မြိတ်မြို့တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ရိုးရာမပျက် အေးချမ်းပျော်ရွှင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ရိုးရာမပျက် အေးချမ်းပျော်ရွှင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး










မြိတ်၊ မတ် ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ပြည်သူများ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကိုရိုးရာမပျက် အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေးအတွက် မတ်လ (၂၆)ရက်နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးရာတွင် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက ပြည်သူများ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ရိုးရာမပျက် အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေး၊ ဗဟိုမဏ္ဍပ်၊ ဖျော်ဖြေရေးမဏ္ဍပ်၊ ရေကစားမဏ္ဍပ်များ ဆောင်ရွက်ကြရေးနှင့် ရိုးရာပွဲတော်ကို စည်းကမ်းချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ရေးအတွက်ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းထားရှိပြီး ကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများမှ မိမိတာဝန်များကို ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မှုအစီအမံများ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး မြိတ်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာ စကားပြောကြားသည်။ မြန်မာသက္ကရာဇ် (၁၃၈၆)ခု မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်တွင် မြိတ်မြို့၌ မြူးမြူးကြွကြွ သင်္ကြန်တေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများ၊ ယိမ်းအကအလှများနှင့် ရေကစားမဏ္ဍပ်များဖြင့် ရိုးရာမပျက် အေးချမ်းပျော်ရွှင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ခိုင်ထူး 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)