Pages

Pages

ယူကရိန်းသားတွေ ရေနံပိုက်လိုင်းကို တိုက်ခိုက်တာက ကျနော်တို့ရဲ့ အချုပ်အခြာကို လာထိခိုက်တာပဲလို့ ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီးဆို


မတ် - ၃ ( တနင်္ဂနွေနေ့ ) 

ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာ စဇီဂျာတို က TurkStream ဓာတ်ငွေ့ပိုက်လိုင်းရဲ့ ကွန်ပရက်ဆာစခန်းကို မကြာသေးမီက မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး  အဲ့ဒိပိုက်လိုင်းက ဟန်ဂေရီရဲ့ စွမ်းအင်လုံခြုံရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်တာကြောင့်  နိုင်ငံ၏ အချုပ်အခြာအာဏာကို ချိုးဖောက်မှုဖြစ်တယ်လို့ တံဆိပ်ကပ်လိုက်ပါတယ်။

သောကြာနေ့ညက Russkaya ရက်စ်ကာယာ ကွန်ပရက်ဆာစခန်းကို ယူကရိန်းမောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုကို ရုရှားစစ်တပ်က တားဆီးနိုင်ခဲ့လိုက်တယ်လို့ ကြေညာချက်ကို စဇီဂျာတို ရဲ့ မှတ်ချက်က စနေနေ့မှာ ထွက်ပေါ်လာပါတယ်။ အဲ့ဒိကွန်ပရက်ဆာစခန်းက ရုရှား၏ ကရက်နိုစ်နိုဒါ  ဒေသရှိ ပိုက်လိုင်းဟု လူသိများပြီး  TurkStream ပိုက်လိုင်း အတွက် အရေးပါသော အထောက်အကူစခန်းဖြစ်ပါတယ်။ ရုရှားပိုင်မြေကနေ ဓာတ်ငွေ့ပေးပို့ရန်အတွက် ထွက်ပေါက်အဖြစ် ဆောင်ရွက်ပေးပါတယ်။ ဒရုန်းသုံးစင်းက တိုက်ခိုက်ဖို့အတွက် ရောက်လာတာကို  ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်များဖြင့် စခန်းကို မထိခိုက်အောင် ကာကွယ်နိုင်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ 

"Turkish Stream ပိုက်လိုင်းသည် ဟန်ဂေရီ၏ သဘာဝဓာတ်ငွေ့ ထောက်ပံ့မှု လုံခြုံရေးအတွက် အာမခံချက် ဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်ပေါ်လာနိုင်သည့် အနှောင့်အယှက်များက ကျနော်တို့ရဲ့ စွမ်းအင်လုံခြုံရေးကို ဆိုးရွားစွာထိခိုက်စေလာနိုင်ပါတယ်။ စဇီဂျာတို က သူ့ရဲ့ ဖေ့စ်ဘုတ်အကောင့်မှာ ရေးသားခဲ့ပါတယ်။ "စွမ်းအင်လုံခြုံရေးသည် အချုပ်အခြာအာဏာ၏ ကိစ္စရပ်ဖြစ်ပြီး၊ ထို့ကြောင့် ဤတိုက်ခိုက်မှု အမျိုးအစားသည် အချုပ်အခြာအာဏာကို တိုက်ခိုက်တယ်လို့ ယူဆပါမယ်"လို့ပြောပါတယ်။ 

၂၀၂၀ ခုနှစ် ဇန်နဝါရီလကတည်းက စတင်လည်ပတ်ခဲ့တဲ့ အဆိုပါပိုက်လိုင်းသည် ဟန်ဂေရီ၊ ဆားဘီးယား၊ ဘူလ်ဂေးရီးယား၊ ဆလိုဗက်ကီးယား၊ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနှင့် ဂရိတို့အပါအဝင် ရုရှားနိုင်ငံမှ သဘာဝဓာတ်ငွေ့များကို တူရကီမှတစ်ဆင့် ပေးပို့နေပြီး အဲ့ဒိနေရာတွေကနေ  ဥရောပနိုင်ငံအများအပြားသို့ ပို့ဆောင်ပေးလျက်ရှိပါတယ်။ 

ဟန်ဂေရီ ဝန်ကြီးက အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ၎င်း၏ ရပ်တည်ချက်ကို ရှင်းလင်းရန် ဥရောပကော်မရှင်ကို တောင်းဆိုခဲ့ပြီး ယူကရိန်းအနေနဲ့ အီးယူနှင့် လက်မှတ်ထိုးထားတဲ့ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားမည် မဟုတ်ကြောင်းဆိုတဲ့ အာမခံချက်ကို ပြန်သုံးသပ်ဖို့ သတိပေးလိုက်ပါတယ်။  


REF: RT

#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment