Pages

Pages

နယူးဒေလီမြို့၌ ကျင်းပမည့် မြန်မာသံတမန်များအတွက် ဒုတိယအကြိမ် အထူးသံတမန်သင်တန်းတက်ရောက်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် ၃၀ အိန္ဒိယနိုင်ငံသို့ ထွက်ခွာ


နေပြည်တော်၊ မတ် ၁၆

နိုင်ငံခြားရေးဝန်ကြီးဌာနမှ အုပ်ချုပ်သူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းအောင်ကျော် ဦးစီးသည့် အငယ်တန်း အရာထမ်း ၃၀ သည် SSIFS တွင် မတ် ၁၇ ရက်မှ ၂၇ ရက်အထိ ဖွင့်လှစ်မည့် မြန်မာသံတမန်များအတွက် ဒုတိယအကြိမ် အထူးသံတမန်သင်တန်းသို့ တက်ရောက်ရန် ယမန်နေ့ ရန်ကုန်မြို့မှ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ထွက်ခွာသွားသည်။

အဆိုပါသင်တန်းကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့် ရေးဦးစီးဌာနနှင့် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန Sushma Swaraj Institute of Foreign Service-SSIFS တို့ အကြား လက်မှတ်ရေးထိုးထားသော ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU)အရ ဆောင်ရွက်ခြင်းဖြစ်ပြီး သင်တန်းတွင် ပထဝီနိုင်ငံရေး၊ အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ မြန်မာ သံတမန်ငယ်များအား သံတမန်ရေးရာစွမ်းရည်များကို မြှင့်တင်ရန်နှင့် အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်များ လေ့လာခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment