Pages

Pages

ဗြိတိန်နဲ့ ပြင်သစ်ကတော့ ယူကရိန်းကို စစ်တပ်တွေပို့ဖို့ အဆင်သင့်ဖြစ်နေပြီလို့ပြော


မတ် - ၃ ( တနင်္လာနေ့ ) 

မနေ့ကလုပ်ခဲ့တဲ့ လန်ဒန်မြို့ အစည်းအဝေးမှာ ဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမာက တကယ်လို့ ရုရှား- ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ဖြစ်ခဲ့မယ်ဆိုရင် ယူကရိန်းနိုင်ငံအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းဆောင်တာတွေကို လုပ်ဖို့အတွက် ပြင်သစ်နဲ့ ယူကေက မြေပြင်စစ်တပ်တွေအပြင် လေတပ်တွေကို ယူကရိန်းနိုင်ငံထဲမှာ တပ်စွဲဖို့အတွက် အသင့်ဖြစ်နေပြီး ဆန္ဒအလျောက်ပါဝင်မယ့် ညွှန့်ပေါင်းတပ်ဖွဲ့တွေကို ဦးဆောင်ဖို့အတွက်လည်း စီစဉ်ထားပါတယ် လို့ ကြေညာလိုက်ပါတယ်။ 

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးရဲ့ ဆိုးရွားလှတဲ့ ဝါရှင်တန်ခရီးစဉ်အပြီး တနင်္ဂနွေနေ့တွင် လန်ဒန်တွင် အရေးပေါ်အစည်းအဝေးကျင်းပစဉ် စတာမာက အီးယူနှင့် အခြားစပွန်ဆာများက ကိယက်ဗ်ကို ထောက်ပံ့ရာတွင် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။  အချို့သောနိုင်ငံများတွင် အလှူငွေအနည်းငယ်သာရှိသည်ကို အသိအမှတ်ပြုသော်လည်း စေတနာရှိသူများအနေနဲ့ အရေးတကြီးဆောင်ရွက်သင့်တယ်လို့ အခိုင်အမာပြောသွားပါတယ်။ 

“နိုင်ငံတိုင်းက ပံ့ပိုးကူညီနိုင်မယ်လို့ မခံစားရပေမယ့် အဲဒါက ကျွန်တော်တို့ ကို ထိုင်နေရမယ်လို့ မဆိုလိုပါဘူး။ ယင်းအစား၊ ဆန္ဒရှိသူများအနေနဲ့ အမှန်တကယ် အရေးတကြီး အစီအစဉ်ကိုတစ်ခုလုပ်ပြီး အရှိန်မြှင့်ထားရမှာပါ။ ကျနော်တို့ ဗြိတိန်တပ်တွေနဲ့ လေယာဉ်တွေကို ယူကရိန်းကိုဝင်ဖို့ အဆင်သင့်လုပ်ထားပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ 

ပြင်သစ်သမ္မတ အမ်မာနျူရယ်မာခွန်က မြေပြင်အခြေအနေပေါ်ကိုလိုက်ပြီး လိုအပ်တဲ့ စစ်တပ်တွေကို ယူကရိန်းကို ပို့ပြီး တပ်စွဲ သွားပါမယ်။ လောလောဆယ် ကျနော်အကြံပြုထားတာက အပစ်ရပ်ရေး လုပ်ဖို့ပါပဲ။ ပြီးမှ ကြည်း၊ ရေ၊ လေ စစ်တပ်တွေ အားလုံးပို့လိုက်မှာပါ” လို့ ဆိုသွားပါတယ်။ 


REF - RT

https://t.me/MyanmarNationalPost

No comments:

Post a Comment