Pages

Pages

ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘင်းမ်စတက် မူဝါဒရေးရာ ဆွေးနွေးပွဲသို့ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်




ဒါကာ၊ မတ် ၁၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးသည် ဘင်းမ်စတက်အတွင်း ရေးမှူးရုံးနှင့် South  Asian Network on Economic Modeling (SANEM) တို့ ပူးပေါင်း၍ ဘင်းမ်စတက်အတွင်းရေးမှူးရုံး၌ ၁၂-၃-၂၀၂၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘင်းမ်စတက်မူဝါဒရေးရာ ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့သည်။ 

အဆိုပါ ဆွေးနွေးပွဲ၌ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် HE Indra Mani Pandey က သဘာပတိ အဖြစ် အဖွင့်အမှာစကားပြောကြားခဲ့ပြီး  South  Asian Network on Economic Modeling (SANEM) မှ Executive Director ဖြစ်သူ ပါမောက္ခ Dr Selim Raihan က Presentation ပြု လုပ်ခဲ့သည်။ 

ယင်းနောက် ဆွေးနွေးပွဲအတွင်း ဘင်းမ်စတက်အတွင်းရေးမှူးချုပ်ဟောင်း သံအမတ်ကြီး Mr. Sumith Nakandala  အပါအဝင် ကဏ္ဍပေါင်းစုံမှ ကျွမ်းကျင်ပညာရှင်များနှင့် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများမှ တတ်သိပညာရှင်များ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment