ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားပိတ်ပွဲသို့ တက်ရောက်၊ လှိုင်သာယာမူလတန်းကြိုကျောင်း အမှတ်(၁)၌ ကလေးများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားပိတ်ပွဲသို့ တက်ရောက်၊ လှိုင်သာယာမူလတန်းကြိုကျောင်း အမှတ်(၁)၌ ကလေးများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး


နေပြည်တော်၊ မတ် ၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းတို့သည် ၄-၃-၂၀၂၅ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားပိတ်ပွဲသို့ တက်ရောက်သည်။

ပိတ်ပွဲအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဆိုင်းဝိုင်းအဖွဲ့နှင့် ခေတ်ပေါ်တေးဂီတဝိုင်းတို့မှ တောင်သူလယ်သမားများအတွက် သီကုံးထားသော တေးသီချင်းများဖြင့် နိုင်ငံကျော်အဆိုတော်များက ဂုဏ်ပြုသီဆို ဖျော်ဖြေကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် တက်ရောက်လာသည့် တိုင်းဒေသကြီးဝန်ကြီး များက ၂၀၂၅ ခုနှစ် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် သက်ဆိုင်ရာကဏ္ဍအလိုက်ဆုရရှိသော ခရိုင်၊ မြို့နယ်များနှင့် တောင်သူများကို ဆုများချီးမြှင့်ခဲ့ကြပြီး ခင်းကျင်းပြသထားသည့်ပြခန်းများနှင့် သီးနှံစိုက်ခင်းများ၊ ထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ရိပ်သာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း MCCT အစီအစဉ်အတွက် ငွေကျပ် ၉ ဒသမ ၈ ဘီလီယံကိုလည်းကောင်း၊ လူမှုရေးပင်စင်အစီအစဉ်အတွက် ငွေကျပ် ၂ ဒသမ ၃ ဘီလီယံကိုလည်းကောင်း ပြည်ထောင်စုဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်သည်။

ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးလူမှုရေး ရာဝန်ကြီးနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော ကန်ကြီးထောင့် မူလတန်းကြိုကျောင်းဆောက်လုပ်နေမှုကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ မြို့နယ်လူမှုဝန်ထမ်းရုံးသို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများကို သိသင့်သိထိုက်သည်များ ရှင်းလင်းပြောကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

ယင်းနောက် လှိုင်သာယာမူလတန်းကြိုကျောင်းအမှတ်(၁)သို့ သွားရောက်ကြည့်ရှုပြီး ကလေးများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)