Pages

Pages

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အုတ်တွင်းမြို့နယ်နှင့် ဒိုက်ဦးမြို့နယ်တို့တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ စိတ်အေးချမ်းသာစွာ ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး










ပဲခူး၊ မတ် ၁၇

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက အုတ်တွင်းမြို့နယ်နှင့် ဒိုက်ဦးမြို့နယ်တို့တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ စိတ်အေးချမ်းသာစွာ ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အုတ်တွင်းမြို့နယ်၊ ဗောဓိကုန်းကျေးရွာအုပ်စု၊ အထက- တပ်နယ်၊ စာစစ်ဌာန၌ ကျောင်းသား/ကျောင်းသူ (၁၀၇)ဦးမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ စိတ်အေးချမ်းသာစွာ ဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ ကြီးကြပ်ရေးမှူး ဆရာ/ဆရာမများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဒိုက်ဦးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၌  ကျောင်းသား/သူ (၂၃၁)ဦးနှင့်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား/ ကျောင်းသူ (၃၅၆)ဦးတို့မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ စိတ်အေးချမ်းသာစွာ ဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး မေးခွန်းနှင့် အဖြေလွှာ လုံခြုံရေး အထူးဂရုစိုက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ကြီးကြပ်ရေးမှူး ဆရာ/ဆရာမများ အတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


တင်စိုး(ပဲခူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment