ပရိယတ္တိသာသနဟိတအသင်းကြီးတွင် ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုနေကြသည့် စာဖြေသံဃာတော်များအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် သွားရောက်ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပရိယတ္တိသာသနဟိတအသင်းကြီးတွင် ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုနေကြသည့် စာဖြေသံဃာတော်များအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် သွားရောက်ကြည့်ရှု



ချမ်းအေးသာစံ၊ မတ် ၂၇

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့်တာဝန်ရှိသူများ လိုက်ပါပြီး  ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ကျင်းပနေသည့် အမှတ်(၂)(ဎ-ခ)ဓမ္မာစရိယစာဖြေဌာန၊ ပရိယတ္တိသာသနဟိတအသင်းကြီးသို့ ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါစာဖြေဌာနသို့ရောက်ရှိပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စာဖြေဌာနကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများဖူးမြော်၍ ဩဝါဒများခံယူကာ စာဖြေခန်းများတွင် စာဖြေသံဃာတော်များ၊ သီလရှင်များအေချမ်းစွာဖြင့် စာဖြေဆိုနေမှုကို လိုက်လံကြည့်ရှုကြည်ညိုပြီး တိုင်းဒေသကြီး သာသနာရေးဦးစီးမှူးနှင့်တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်း အစိုးရဓမ္မာစရိယစာမေးပွဲစာဖြေ ဌာန   ၉ ခု ဖွင့်လှစ်ဆောင်ရွက်ထားရှိမှုနှင့် ဝင်ရောက်ဖြေဆိုမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က  စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများ၊ စာဖြေသံဃာတော်များ နှင့်သီလရှင်များ စိတ်ချမ်းမြေ့စေရေး အလေးထားဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း အစိုးရဓမ္မာစရိယစာဖြေဌာန(၉)ခု ဖွင့်လှစ်ထားရှိပြီး စာဖြေ စာရင်းသွင်း(၄၄၄၂)ပါးရှိကြောင်း၊ ပါရာဇိကဏ်ဘာသာရပ်တွင် (၂၈၆၉)ပါး၊ သီလက္ခန်ဘာသာရပ်တွင် (၂၄၄၆)ပါး၊ ဓမ္မသင်္ဂဏီဘာသာရပ်တွင် (၂၁၉၂)ပါး၊ မြန်မာဂုဏ်ထူးတွင် (၃၀၃)ပါးနှင့် ပါဠိဂုဏ်ထူးတွင် (၁၁၀)ပါး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း၊ ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲများကို ဧပြီလ ၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ထွန်းထွန်းနိုင်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)