ရုရှားနျူ့ကလိယားနည်းပညာ အာဖရိကဘက်ကို သွားနေပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှားနျူ့ကလိယားနည်းပညာ အာဖရိကဘက်ကို သွားနေပြီ


မတ်- ၃ ( တနင်္လာနေ့ ) 

နမီးဘီးယားနိုင်ငံသည် ရုရှားအား ယုံကြည်စိတ်ချရသော မိတ်ဖက်နိုင်ငံအဖြစ် မှတ်ယူထားပြီး နျူကလီးယား စွမ်းအင် အပါအဝင် နယ်ပယ်အမျိုးမျိုးတွင် ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားနေကြောင်း နမီးဘီးယာ တက္ကသိုလ်(UNAM) ရဲ့ ဒု-အဓိပတိက ဆိုလာပါတယ်။ မော်စကိုမြို့ရှိ ပြည်သူ့မိတ်ဆွေတက္ကသိုလ် (RUDN) တွင် သောကြာနေ့က ပြုလုပ်ခဲ့သော 'ရုရှား-အာဖရိက- နျူကလီးယား ပညာရေး ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အလားအလာ' ဖိုရမ်တွင် အဓိပတိ ဖရက်နာဒ် ဂီဒီအွန်က ပြောခဲ့တာပါ။ 

“နမီးဘီးယားဟာ ကမ္ဘာ့စတုတ္ထမြောက် ယူရေနီယံအများဆုံး ထုတ်လုပ်တဲ့နိုင်ငံပါ။ ၁၉၆၇ ခုနှစ်တွင် စတင်တူးဖော်ခဲ့ပါတယ်။ ယူရေနီယမ်ကို နိုင်ငံခြားသာတွေကလာပြီး ထုတ်လုပ်သော်လည်း တိုင်ပြည်မှာ တစ်ဂရမ်တောင်မရှိပါဘူး အားလုံးကို ချက်ချင်းတင်ပို့လိုက်ကြတာချည်းပါပဲ။ နိုင်ငံခြားသားတွေက အာဖရိကကိုလာပြီး အရာအားလုံးကို လုယူနေကြပါတယ်” လို့ ဂီဒီအွန်က ပြောပါတယ်။ 

“ရုရှားဟာ ယုံကြည်စိတ်ချရပြီး တန်းတူညီမျှတဲ့ မိတ်ဖက်ပါ။ ဒါကြောင့် ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဝင်စား ပါတယ်” လို့ ဒု-အဓိပတိက ဆက်လက်ပြောပါတယ်။  အာဖရိကတောင်ပိုင်းနိုင်ငံဖြစ်တဲ့ နမီဘီးယားနှင့် မော်စကိုသည် ၁၉၉၀ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် သံတမန်ဆက်ဆံရေးကို ထူထောင်ခဲ့ပြီး ထိုအချိန်မှစ၍ နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုနယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်လာခဲ့ပါတယ်။ 

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ် က နမီးဘီးယားနိုင်ငံခြားရေးဝန်ကြီး ပီယာမူရှိလန်ဂါ နဲ့ ပြီးခဲ့သည့် မတ်လက တွေ့ဆုံဆွေးနွေးပြီးနောက် နှစ်နိုင်ငံ ကဏ္ဍအသီးသီးတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း ကြေညာခဲ့ပါတယ်။ လာရောဗ်က  ဓာတ်သတ္တုအရင်းအမြစ်များ၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့တွင် ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းများကို မီးမောင်းထိုးပြခဲ့ပါတယ်။ 

ပြင်သစ်အပါအဝင် အနောက်နိုင်ငံအချို့မှ အစိုးရအချို့၏ စွပ်စွဲမှုများကြားမှာပဲ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ရုရှားအစိုးရသည် အီသီယိုးပီးယားနိုင်ငံနှင့် သဘောတူညီချက်တစ်ရပ်ကို “ငြိမ်းချမ်းသောရည်ရွယ်ချက်များ” အတွက် နျူကလီးယားနည်းပညာအသုံးပြုမှုတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကြေညာခဲ့ပါတယ်။ 


REF - RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)