Pages

Pages

ဒက္ခိဏခရိုင်၌ သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်သင်ကြား



နေပြည်တော်၊ မတ် ၂၇

အရာထမ်း၊ အမှုထမ်းများ သတင်းရေးသားရာတွင် နည်းစနစ်မှန်ကန်စေရန်နှင့် လွယ်ကူအဆင်ပြေစေရန်ရည်ရွယ်၍ သတင်းရေးသားနည်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းတွင်ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဖွင့်လှစ်ရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာနေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူ သင်တန်းဖွင့်လှစ်သင်ကြားရခြင်းနှင့် ပတ်သတ်၍ အမှာစကားပြောကြားပြီး ပိရမစ်ပုံ ပြောင်းပြန်သတင်းရေးနည်း၊ သတင်းရေးသားသူတို့ သတိထားရမည့်အချက်များ၊ “ဘ” ခြောက်လုံး အခြေခံ၍ ပြည့်စုံတိကျသော သတင်းရေးသားနည်း၊ သတင်းရေးသားရာတွင် လိုက်နာရမည့် အသုံးအနှုန်းများနှင့် ကိန်းဂဏန်းများသုံးစွဲပုံများ၊ သတင်းဗီဒီယို နောက်ခံစကားပြောခြင်းများကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။


အောင်သူရဦး

https://t.me/MyanmarNationalPost


No comments:

Post a Comment