ပင်းတယမြို့ ရွှေဥမင်သဘာဝလိုဏ်ဂူတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်နှင့်စေတီပုထိုးများအား ဘုရားအနေကဇာတင် လှူပူဇော်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်းတယမြို့ ရွှေဥမင်သဘာဝလိုဏ်ဂူတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်နှင့်စေတီပုထိုးများအား ဘုရားအနေကဇာတင် လှူပူဇော်ခြင်း အခမ်းအနားကျင်းပ

 



ပင်းတယ , မတ် ၁၃


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် တပေါင်းလပြည့်နေ့၌ နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသည့် ရွှေဥမင်သဘာဝလိုဏ်ဂူအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များနှင့် စေတီပုထိုးများအား ဘုရားအနေကဇာတင်လှူတော်မူခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၆ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပင်းတယမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အရှင်စန္ဒေါဘာသနှင့် အဖွဲ့ဝင်သံဃာတော် ဆရာတော်များက တရားတော်များရွက်ဆို၍ ရွှေဥမင်သဘာဝ လိုဏ်ဂူတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များနှင့် စေတီပုထိုးများအား အနေကဇာတင် တော်မူသည်။ ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ဟိန်းထက်ဇော်နှင့် အခမ်းအနားသို့ တက်ရောက် လာကြသူများက ဆရာတော်၊ သံဃာတော်များအား ရှိခိုးကန်တော့၍ ငါးပါးသီလခံယူဆောက်တည်ကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး သံဃာတော် အရှင်သူမြတ်တို့အား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


အောင်ကိုဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)