Pages

Pages

ဗြိတိန်သံတမန် ၂ ယောက်ကို သူလျှိုလုပ်တယ်ဆိုပြီး ရုရှားက နှင်ထုတ်



မတ် - ၁၁ ( အင်္ဂါနေ့ ) 

ရုရှားအစိုးရသည် ဗြိတိန်သံတမန်နှစ်ဦးကို သူလျှိုလုပ်တယ်လို့ စွပ်စွဲခဲ့ပြီး သီတင်းနှစ်ပတ်အတွင်း တိုင်းပြည်မှ ထွက်ခွာရန် သတိပေးပြီး နှင်ထုတ်လိုက်ပါတယ်။ အဆိုပါ စွပ်စွဲချက်များသည် အခြေအမြစ်မရှိဘူးလို့  ဗြိတိန်ဘက်က ပြောကြားခဲ့ပါတယ်။ 

"အဲ့ဒိသံတမန်တွေက ရုရှားနိုင်ငံထဲမှဦ ထောက်လှမ်းရေးနှင့် အဖျက်သမားတို့ရဲ့လုပ်ဆောင်မှု လက္ခဏာများကို တွေ့ရှိခဲ့ပါတယ်။ သူတို့က ရုရှားဖက်ဒရေးရှင်း၏ လုံခြုံရေးကို ခြိမ်းခြောက်နေပါတယ်" လို့ ဖက်ဒရယ် လုံခြုံရေး ဝန်ဆောင်မှု အရာရှိများ၏ ကြေညာချက်တွင် ပါရှိပါတယ်။

နာမည်ဖော်ပြခြင်း မရှိတဲ့ အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦး နဲ့ ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး ကို ၎င်းတို့ရဲ့ သံတမန် အသိအမှတ်ပြု စာရွက်စာတမ်းတွေကို ရုတ်သိမ်းလိုက်ပြီး ရုရှားနိုင်ငံက ထွက်ခွာရမယ်လို့ ကရင်းမလင်အစိုးရက ပြောပါတယ်။ 

ဖက်ဒရယ် လုံခြုံရေး ဝန်ဆောင်မှု က ၎င်း၏တန်ပြန်ထောက်လှမ်းရေးအော်ပရေတာများသည် "မော်စကိုရှိ သံရုံးမျက်နှာဖုံးအောက်တွင် ယူကေက အစီရင်ခံမထားသော ထောက်လှမ်းရေး သတင်းများ ရောက်ရှိနေမှုကို ထုတ်ဖော်ခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ 

“ရုရှားက ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေကို ဆိုးဆိုးရွားရွားနဲ့ အခြေအမြစ်မရှိစွပ်စွဲတာ ဒါဟာ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး” ဟု ဗြိတိန်နိုင်ငံခြားရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment