Pages

Pages

ဆီးရီးယားမှာ သမ္မတဟောင်းသစ္စာခံတွေနဲ့ အာဏာသိမ်းတပ်ဖွဲ့တွေ တိုက်ကြပြီ


မတ်- ၈ ( စနေနေ့ ) 

ဆီးရီးယားရှိ အာဏာသိမ်းအစိုးရ ဟာရက်တေဟရာအယ်ရှန် (HTS) တပ်ဖွဲ့များနှင့် ဆီးရီးယားသမ္မတဟောင်း ဘာရှာအာဆတ်၏ သစ္စာခံသူများကြား တိုက်ပွဲများဖြစ်ပေါ်နေရာ လူ ၇၀ ကျော် သေဆုံးခဲ့ကြောင်း သတင်းများအရ သိရပါတယ်။  အာဆတ်အစိုးရ ပြုတ်ကျသွားပြီးနောက်ပိုင်း လူအသေအပျောက်အများဆုံး ရုန်းရင်းဆန်ခတ်မှုများသည် နိုင်ငံ၏ ကမ်းရိုးတန်းဒေသများဖြစ်သော လာတာကီယာ၊ ဂျက်ဘလာ နဲ့ တာတပ် တို့တွင် တောက်လျှောက်ဖြစ်ပွားနေခဲ့ပါတယ်။ ကြာသပတေးနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကတော့ လူအသေအပျောက် အများဆုံး ဖြစ်ပါတယ်။ 

အယ်ကေဒါနဲ့ ဆက်စပ်နေတဲ့ ဂျီဟတ်ဝါဒီအဖွဲ့ HTS သည် ဒီဇင်ဘာ ၈ ရက်တွင် ဒမတ်စကတ်ကို မသိမ်းပိုက်မီ စစ်ရေးအရှိန်အဟုန်ဖြင့် ထိုးစစ်ဆင်ပြီးနောက် ၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် ဆီးရီးယားနိုင်ငံကို သိမ်းပိုက်ခဲ့ပါတယ်။ အစိုးရအသစ်ကို HTS ၏ခေါင်းဆောင် အဘူမိုဟာမက်အယ်ဂျိုလာနီ က ဦးဆောင်ခဲ့ပါတယ်။

ဆီးရီးယားကမ်းရိုးတန်းဒေသတွင် ခြေကုပ်ယူထားဆဲဖြစ်သည့် သမ္မတဟောင်း အာဆတ်၏သစ္စာခံများသည် ကြာသပတေးနေ့တွင် HTS စစ်သွေးကြွများကို အံ့အားသင့်ဖွယ်တိုက်ခိုက်မှုကို စတင်ခဲ့ပါတယ်။ လက်တုံပြန်သည့်အနေဖြင့် အစိုးရတပ်များသည် လာတာကီယာနှင့် တာတပ် မြိုများအနီးနားရှိ မြိုရွာများသို့ အဓိက စစ်ကူများ စေလွှတ်ခဲ့ပါတယ်။ 

တိုက်ပွဲများကြောင့် လူ ၇၀ ကျော် သေဆုံးခဲ့ကြောင်း အေပီသတင်းဌာနက ဖော်ပြသည်။ ဂျက်ဘလာ ဒေသရှိ အာဆတ်နှင့် ဆက်နွှယ်သော စစ်သွေးကြွများ၏ ခြုံခိုတိုက်ခိုက်မှုအတွင်း နိုင်ငံ၏ အသစ်ဖွဲ့စည်းထားသော လုံခြုံရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၁၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဆီးရီးယားအစိုးရပိုင် ရုပ်သံက ပြောကြားခဲ့ပါတယ်။ 

အခုဖြစ်ပွားနေတဲ့ တိုက်ပွဲများက လာတာကီယာ အနီးရှိ  ခမိုင်မင်း လေတပ်စခန်းနှင့် တာတပ် ရှိ ရေတပ်စခန်းအပါအဝင် ရုရှားစစ်တပ်တပ်စခန်းများအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။  အာဆတ်ကို ဖြုတ်ချပြီးနောက် ရုရှားသည် ဆီးရီးယားတွင် တည်ရှိမှုကို ဆက်လက်ထိန်းသိမ်းထားပြီး ၎င်း၏ အခြေစိုက်စခန်းများ၏ အနာဂတ်နှင့် ပတ်သက်၍ HTS ဦးဆောင်သော အစိုးရနှင့် စေ့စပ်ညှိနှိင်းမှုများ ပြုလုပ်နေဆဲဖြစ်ပါတယ်။ 


Ref - RT

https://t.me/MyanmarNationalPost

No comments:

Post a Comment