Pages

Pages

တပ်ကုန်းမြို့နယ်၌ ဆည်ရေများဖြင့် နွေးစပါး ၁၀၁၇၉ ဧက လျာထားစိုက်ပျိုး

 


တပ်ကုန်း , မတ် ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ဆင်သေဆည်၊ မုန်ဆည်နှင့်ကင်းသာဆည်များမှ ယခုနှစ်နွေစပါးနှင့် အခြားသီးနှံစိုက်ပျိုးရန် ၁၀၁၇၉ ဧကအတွက် စိုက်ပျိုးရေ ပေးဝေလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

တပ်ကုန်းမြို့နယ်တွင် နွေစပါးစိုက်ပျိုးရာသီတွင် ဆင်သေဆည်၊ မုန်ဆည်နှင့်ကင်းသာဆည် ရေသောက်စနစ်အတွင်းမှ နွေစပါးစိုက်ပျိုးရန် ၈၁၂၀ ဧကနှင့် အခြားသီးနှံစိုက်ပျိုးရန် ၂၀၅၉ ဧက စုစုပေါင်း ၁၀၁၇၉ ဧကအတွက် ရေအလေအလွင့်မရှိစေဘဲ မျှတစွာရေလှည့်စနစ်များဖြင့် ပေးဝေလျက်ရှိကြောင်းသိရပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူနှင့်ဝန်ထမ်းများက ဒေသအတွင်းစာရေးရိက္ခာဖူလုံရေး၊ နွေစပါးစိုက်ဧကများ လျာထားဧကထက်တိုးလာရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်း၊မျိုးသန့်များသုံးစွဲရေး၊ သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲရေးတို့ကိုအလေးထားရန် ဆွေးနွေးရေးလုပ်ငန်းများ ဆောင်ရွက်​ပေးလျက်ရှိကြောင်းသိရသည်။

တပ်ကုန်းမြို့နယ်တွင် နွေစပါးစိုက်ပျိုးရာသီတွင် သမရိုးကျစနစ်စိုက် ခြောက် ဧက၊ မျိုးစေ့ချ ကိရိယာ(Seeder)စိုက် ၈၄ ဧက၊ ကောက်စိုက်စက်စိုက် ငါး ဧက၊ တိုက်ရိုက်အစေ့ချစိုက် ၁၆၃၇ ဧက၊ စုစုပေါင်း ၁၇၃၂ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။ 


တင်စိုးလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment