Pages

Pages

အာဆီယံ-မြန်မာ အဆင့်မြင့်အရာရှိကြီးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် (၂၇) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ တက်ရောက်


မနီလာ၊ မတ် ၁၂

အာဆီယံ-မြန်မာအဆင့်မြင့်အရာရှိကြီးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၂ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ပြုလုပ်ခဲ့သည့် (၂၇) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ 

အဆိုအစည်း အဝေးကို အာဆီယံ-ဖိလစ်ပိုင် အဆင့်မြင့်အရာရှိကြီး H.E. MA Theresa P. Lazaro နှင့် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့ဒေသဆိုင်ရာ အတွင်းဝန်နှင့် အာဆီယံဆိုင်ရာအဆင့်မြင့် အရာရှိကြီး H.E. Jaideep Mazumdar တို့က ပူးတွဲသဘာပတိများအဖြစ် ကြီးမှူးကျင်းပခဲ့သည်။ အစည်းအဝေး သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံ နိုင်ငံရေးနှင့်လုံခြုံရေးဆိုင်ရာ အသိုက်အဝန်း ဒုတိယ အတွင်းရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံများအပြင် တီမောလက်စ်တေ ကိုယ်စားလှယ်က လေ့လာသူ အဖြစ် ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေး၌ အာဆီယံနှင့် အိန္ဒိယနိုင်ငံတို့၏ ဖြစ်ပေါ်တိုးတက်မှုများအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များ၊ အာဆီယံ-အိန္ဒိယ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံ ရေးကို အကောင်အထည်ဖော်သည့် လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅) ဆိုင်ရာ ဖြစ်ပေါ် တိုးတက်မှုများနှင့် လုပ်ငန်းအစီအစဉ်အသစ် ရေးဆွဲလျက်ရှိသည့် ဆောင်ရွက်ချက်များ၊ အာဆီယံနှင့် အိန္ဒိယနိုင်ငံတို့အကြား ယခုနှစ်အတွင်း ပူးပေါင်းဆောင်ရွက်သွားမည့် ဦးစားပေးအစီအစဉ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ 

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၁-၃-၂၀၂၅ ရက်တွင် ဖိလစ်ပိုင်အဆင့်မြင့်အရာရှိကြီးက တည်ခင်းဧည့်ခံသည့် ကြိုဆို ညစာစားပွဲသို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment