Pages

Pages

ပညာရေးအဆင့်သတ်မှတ်ချက်ကို အငြင်းပွားနေတဲ့ ထိုင်းမှာ သင်ကြားမှုစနစ်မှားယွင်း နေတယ်လို့ ဆို




မတ် - ၂၅ ( အင်္ဂါနေ့ ) 

( အဆင့်သတ်မှတ်ချက်သည် ၎င်း၏ ၉၉% စာတတ်မြောက်မှုနှုန်းကဲ့သို့ တိုင်းတာနိုင်သော ညွှန်းကိန်းများထက် ပုဂ္ဂလက ထင်မြင်ယူဆချက်များကို မှီခိုနေရသည်ဟု ပညာရေးကောင်စီမှ စောဒကတက်သည်။)

ကမ္ဘာ့ပညာရေးအဆင့်သတ်မှတ်ချက်အရ ထိုင်းနိုင်ငံသည် နိုင်ငံပေါင်း ၂၀၃ နိုင်ငံ တွင် အဆင့် ၁၀၇ သာရှိပြီး အာဆီယံအဆင့်အတွင်း နံပါတ် ၈ နေရာ ၌ ရှိနေတာကြောင့် နိုင်ငံသားတွေရဲ့ စိုးရိမ်မှုများ ဖြစ်ပေါ်နေပါတယ်။ အဲ့ဒါကို ထိုင်းပညာရေးကောင်စီ အဆင့်သက်မှတ်ချက်က စာတတ်မြောက်မှုနဲ့ မဆိုင်တဲ့အတွက် စိုးရိမ်မှုမရှိကြဖို့ တုံ့ပြန်လိုက်ပါတယ်။ 

World Population Review အစီရင်ခံစာတွင် ထိုင်းနိုင်ငံ၏ ပညာရေးစံနှုန်းများက တိကျစွာ ထင်ဟပ်ခြင်းမရှိဟု ဆိုထားပါတယ်။ အဲ့ဒိ အချက်အလက်တွေကို  ထိုင်းပညာရေးအရာရှိများထံမှ စိစစ်ရယူထားတာပါ။ပညာရေးကောင်စီရုံး (OEC) ၏ အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာ ပရာဝစ် အီရာဝမ် က အစီရင်ခံစာရဲ့ တွေ့ရှိချက်များအား ပွင့်လင်းမြင်သာမှုနှင့် နည်းစနစ်ပိုင်းဆိုင်ရာ ပြဿနာများကို ကိုးကား၍ မေးခွန်းထုတ်ခဲ့ပါတယ်။  

အဓိကအားဖြင့် လူဦးရေဆိုင်ရာ အချက်အလက် ဝဘ်ဆိုဒ်ဖြစ်သည့် World Population Review သည် ၎င်း၏ ပညာရေးအဆင့် သတ်မှတ်နည်းစနစ်တွင် ပွင့်လင်းမြင်သာမှု မရှိကြောင်း အီရာဝမ်က ထောက်ပြခဲ့ပါတယ်။ နိုင်ငံတစ်နိုင်ငံ၏ ပညာရေးအရည်အသွေးသည် ၎င်း၏စီးပွားရေးအခြေအနေနှင့် တိုက်ရိုက်ဆက်စပ်နေကြောင်း အစီရင်ခံစာ၏ ယူဆချက်ကို ပြစ်တင်ရှုတ်ချခဲ့ပြီး ယင်းက ချမ်းသာသောနိုင်ငံများ၏ ရလဒ်များကို လွဲချော်စေသည်ဟု ရှုတ်ချခဲ့ပါတယ်။ ဒေါက်တာ ပရာဝစ် သည် OEC နှင့် သင်ယူမှုမြှင့်တင်ရေးဌာနမှ မကြာသေးမီက အချက်အလက်များအရ ထိုင်းနိုင်ငံက လူတစ်ဦးချင်းစီ စာတတ်မြောက်မှုနှုန်းကို အာရုံစိုက်ခဲ့ပြီး အသက် ၁၅ နှစ်နှင့် အထက် စာတတ်မြောက်နှုန်းက ၉၉ % ရှိတယ်လို ဆိုပါတယ်။ သို့သော်လည်း ထိုင်းနိုင်ငံ၏ ပညာရေးဆိုင်ရာ အဆင့်မြှင့်တင်ရန် အရေးတကြီး လိုအပ်နေကြောင်း ၎င်းက ဝန်ခံခဲ့ပါတယ်။ 


REF: the nation

https://t.me/MyanmarNationalPost

No comments:

Post a Comment