အမေရိကန် - ရုရှား ဝန်ကြီးအဆင့် ဆွေးနွေးပွဲတွေ စပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန် - ရုရှား ဝန်ကြီးအဆင့် ဆွေးနွေးပွဲတွေ စပြီ


မတ် - ၁၆ ( တနင်္ဂနွေနေ့ ) 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနဲ့ ရုရှားဘက်က အဆင့်တူ ဆာဂေးလာရော့ဗ်တို့က ဖုန်းနဲ့ အဆက်အသွယ်လုပ်ပြီး အမေရိကန်-ရုရှား ဆက်ဆံရေး ပြန်လည်ထူထောင်နိုင်အတွက် စကားပြော ဖြစ်ကြတယ်လို့ သိရပါတယ်။ သူတို့ ၂ဦးရဲ့ ဆွေးနွေးပွဲမှာ ယူကရိန်း-ရုရှား အပစ်ရပ်ရေးအတွက်လည်း ပါပါတယ်။ 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ရဲ့ထုတ်ပြန်ချက်မှာတော့ ရူဘီယိုနဲ့ လာရောဗ်တို့က နှစ်နိုင်ငံကြား တိုက်ရိုက် ဆက်သွယ်မှု ပြန်လည် ထူထောင်ရေးဆိုင်ရာ ခြေလှမ်းများကို ဆွေးနွေးခဲ့ကြတယ်လို့ ပါရှိပါတယ်။ “နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ်နဲ့ ဒီနေ့ စကားပြောခဲ့ကြ ပါတယ်။ ဆော်ဒီအာရေးဗီးယားမှာ မကြာသေးခင်က တွေ့ဆုံပြီးနောက်ပိုင်း နောက်ဆက်တွဲ လုပ်ငန်းစဉ်တွေအတွက် ဆက်ပြောဖြစ်တာပါ။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ တွေ့ဆုံမှုမှာ ဆွေးနွေးခဲ့ကြတဲ့ ယူကရိန်းပဋိပက္ခဖြေရှင်းရေး၊ သံရုံးလုပ်ငန်းများ ပြန်လည်ထူထောင်ရန်နှင့် နှစ်နိုင်ငံဆက်ဆံရေးတွင် အငြင်းပွားနေသည့် အခြားအချက်များအား ကိုင်တွယ်ဖြေရှင်းရေးအတွက် ဆက်လုပ်ဆောင်ရမယ့် ကိစ္စတွေကို ဆွေးနွေးကြတာပါ။ နောက်ပိုင်းမှာ တူရကီနိုင်ငံ အစ္စတန်ဘူလ်တွင် နောက်ထပ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး သံတမန်ရေးရာ ရန်ပုံငွေနှင့် ရုရှားနှင့် အမေရိကန်ကြား တိုက်ရိုက်လေကြောင်းများ ပြန်လည်နေရာချထားရေးအတွက် မော်စကိုအစိုးရဘက်က အဆိုပြုချက်တွေကို ဆက်ပြီးဆွေးနွေး နေကြတာပါ။ 

ဖုန်းခေါ်ဆိုမှုတွင် ရူဘီယိုက ယီမင်ရှိ ဟူသီ စစ်သွေးကြွများအပေါ် အမေရိကန်စစ်တပ်၏ တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး လာရောဗ်ကို အကျဉ်းချုံး ပြောပြခဲ့ပြီး ပင်လယ်နီဒေသတွင်း ဟူသီသူပုန်တွေရဲ့ တိုက်ခိုက်မှုများကို ဆက်လက် “သည်းခံမည်မဟုတ်” လို့ အလေးပေးပြောကြားခဲ့ပါတယ်။ 

ကန်-ရုရှား ဖုန်းခေါ်ဆိုမှုတွင် နောက်ထပ် အသေးစိတ်အချက်အလက်များကို မဖော်ပြထားပါ။ ဆော်ဒီ အာရေဗျတွင် မတ် ၁၁ ရက်က အမေရိကန်အရာရှိများနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ယူကရိန်းအစိုးရသည် ရက် ၃၀ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ပါတယ်။ သမ္မတထရမ့်ရဲ့ အထူးကိုယ်စားလှယ် စတိဝစ်ကောဗ် က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ကြာသပတေးနေ့ က တွေ့ဆုံခဲ့ပြီး ၂နိုင်ငံ လုပ်ထုံးလုပ်နည်းဆိုင်ရာ အသေးစိတ် အချက်အလက်များကို တင်ပြခဲ့ပါတယ်။ 


REF : RT

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)