Pages

Pages

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ဖွင့်လှစ်သည့် မြန်မာသံတမန်များအတွက် ဒုတိယအကြိမ် အထူး သံတမန်သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် (၃၁) ဦး တက်ရောက်




နယူးဒေလီ၊ မတ် ၁၈

အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာနက အိမ်ရှင်အဖြစ် လက်ခံဖွင့်လှစ်သည့် မြန်မာသံတမန်များ အတွက် ဒုတိယအကြိမ် အထူးသံတမန်သင်တန်းဖွင့်ပွဲအခမ်းအနားကို Sushma Swaraj Institute of Foreign Service-SSIFS ၌ ၁၇-၃-၂၀၂၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ SSIFS  ၏ ကျောင်းအုပ်ကြီးဖြစ်သူ  Amb. Mr. Raj Kumar Srivastava နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြသည်။

အဆိုပါသင်တန်းတွင် ပထဝီနိုင်ငံရေး၊ အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ မြန်မာသံတမန်ငယ်များအား သံတမန်ရေးရာစွမ်းရည်များကို မြှင့်တင်ရန်နှင့် အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များလေ့လာခြင်းတို့ ပါဝင်မည်ဖြစ်ပြီး သင်တန်းကာလမှာ မတ်လ ၁၇ ရက်မှ ၂၇ ရက်အထိ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment