Pages

Pages

တာမွေမြို့နယ်တွင် ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကျင်းပ




တာမွေ၊ မတ်  ၂၆

မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး၏ အရင်းမူလဖြစ်သည့် ပရိယတ္တိ သာသနာတော် ထွန်းကားပြန့်ပွားစေရန်အတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၅-ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများကို နေပြည်တော်အပါအဝင် တိုင်း ဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ၂၀၂၅ ခုနှစ်၊ မတ်လ(၂၅)ရက်နေ့မှ ဧပြီလ(၆)ရက်နေ့အထိ နေ့စဉ် မွန်းတည့် (၁၂:၀၀)နာရီအချိန်မှ ညနေ(၄:၀၀)နာရီအချိန်အထိ ကျင်းပပြုလုပ်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင်လည်း ၂၀၂၅ ခုနှစ် အစိုးရ ဓမ္မာစရိယ နှင့် ပါဠိပထမပြန်စာမေးပွဲများကို စတင်ကျင်းပပြုလုပ်လျက်ရှိရာ ပထမနေ့၌ ပါရာဇိက ကဏ္ဍပါဠိအဋ္ဌကထာ(၁)ကို မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ သံဃာတော်အပါး(၁၃၈)ပါး စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ပထမနေ့၌ ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ(၁)ကို တာမွေ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ သံဃာတော်အပါး(၁၄၈)ပါး ဖြေဆိုရန် စာရင်းပေးသွင်းခဲ့ပြီး သံဃာတော် အပါး(၁၃၈) ဝင်ရောက်ဖြေဆိုခဲ့ကြ၍ ဖြေဆိုမှုရာခိုင်နှုန်းအနေဖြင့် (၉၃)ရာခိုင်နှုန်းထိရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်၌ ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယ နှင့် ပါဠိပထမပြန် စာမေးပွဲများ ကျင်းပရာတွင် စာဖြေသံဃာတော်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဩဝါဒစရိယဆရာတော်ကြီးများ၊ အထူးကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၊ စာဖြေဌာနကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များနှင့် ရပ်ဖိရပ်ဖများက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment