Pages

Pages

ပဲခူးမြို့၌ သနပ်ခါးအလှ မြန်မာကအစ - ခြင်းလုံးအစ သရေခေတ္တရာက ပွဲတော် အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ













ပဲခူး၊ မတ် ၉

ရိုးရာအားကစားနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော သနပ်ခါးအလှ မြန်မာကအစ - ခြင်းလုံးအစ သရေခေတ္တရာက ပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မတ်လ(၈)ရက်နေ့ ညနေပိုင်းက ပဲခူးမြို ရွှေမော်ဓောစေတီတော်မြတ်ကြီး ယာဥ်ရပ်နားဝန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင် တို့က  သနပ်ခါးအလှ မြန်မာကအစ - ခြင်းလုံးအစ သရေခေတ္တရာက ပွဲတော်အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်​ပေးခဲ့ကြသည်။

ယင်းနောက် လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က ယနေ့ကျင်းပပြုလုပ်တဲ့ “သနပ်ခါးအလှ မြန်မာကအစ ခြင်းလုံးအစ သရေခေတ္တရာက" ပွဲတော် ရည်ရွယ်ချက်များကတော့ မြန်မာ့ရိုးရာ သနပ်ခါးယဉ်ကျေးမှုဓလေ့" ကို UNESCO ၏ Representative list of the Intangible Cultural heritage of Humanity (လူသားမျိုးနွယ် ကိုယ်စား ပြုဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်) အဖြစ် စာရင်းသွင်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်မှု အတွက် အထောက်အကူဖြစ် စေရေး၊ “ရိုးရာခြင်းလုံးအလှခတ်ခြင်းယဉ်ကျေးမှုဓလေ့" ကို UNESCO ၏ Representative List of the Intangible Cultural Heritage of Humanity (လူသားမျိုးနွယ် ကိုယ်စား ပြုပြုဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်) အဖြစ် စာရင်း သွင်းတင်ပြသည့်အခါ အထောက်အကူဖြစ်စေရေး စသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ယခုလို နိုင်ငံတော်၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ကမ္ဘာ့အသိအမှတ်ပြု ရိုးရာယဉ်ကျေးမှုအမွေအနှစ်များအဖြစ် အသိအမှတ်ပြုမှုရရှိရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြရာမှာ မိမိတို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် ပဲခူးတိုင်းအတွင်းရှိ ပြည်သူများအနေဖြင့် တတပ်တအား ပါဝင်ယှဉ်နွှဲခွင့် ရရှိတဲ့အတွက်လည်း အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ပြောကြားခဲ့​ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ  ဝန်ကြီးများနှင့် တာဝန်ရှိသူများက သနပ်ခါးပြခန်းများ၊ ပျော်ရွှင်စွာ သနပ်ခါးလိမ်းချယ်နေကြသော ဒေသခံပြည်သူများနှင့် ခြင်းအလှခတ် တင်ဆက်ဖျော်ဖြေနေမှုများအား ကြည့်ရှုအားပေးကြသည်။

ထိုနောက် သနပ်ခါးအလှ လိမ်းချယ်ပြိုင်ပွဲကို  ဆက်လက်ကျင်းပရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအဖွဲ့၊ တိုင်းဒေသကြီးရဲအဖွဲ့နှင့် တိုင်းစိုက်ပျိုးရေးအဖွဲ့တို၏ သနပ်ခါးအလှလိမ်းချယ် ယှဉ်ပြိုင်နေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ မှ တခဲနက် ကြည့်ရှုအားပေးခဲ့ကြပြီး နိုင်ငံကျော်အနုပညာရှင်များမှလည်း တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။


တင်စိုး(ပဲခူး)

https://t.me/MyanmarNationalPost 

No comments:

Post a Comment