နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကယားပြည်နယ်အတွင်းရှိ တပ်မတော်ဆေးရုံများသို့ အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကယားပြည်နယ်အတွင်းရှိ တပ်မတော်ဆေးရုံများသို့ အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း



လွိုင်ကော်၊ မတ် ၂၇

နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကယားပြည်နယ်အတွင်းရှိတပ်မတော်ဆေးရုံများသို့ အထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်က လွိုင်ကော်မြို့၊ နယ်မြေခံခုတင်(၁၀၀)တပ်မတော်စစ်ဆေးရုံ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တပ်မတော်စစ်ဆေးရုံမှ အရာရှိစစ်သည်များ တက်ရောက်ကြကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ သက်စွန့်ကြိုးပမ်းဆောင်ရွက်နေကြသည့် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များသာမက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေး ရာတွင် အထောက်အကူပြုစေရန်နှင့် ဆေးကုသခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက် နိုင်ရန်အတွက် လိုအပ်သည့် အထောက်အကူပြုပစ္စည်းများအား ပေးအပ်လှူဒါန်းခြင်းဖြစ်ကြောင်း  ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆေးရုံသုံးအထောက်အကူပြုပစ္စည်းများပေးအပ်ရာ ဒေသကွပ်ကဲရေးမှူးက လက်ခံရယူခဲ့ပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဆေးရုံသုံး အထောက်အကူပြုပစ္စည်းများအား ပေးအပ်ရာ တပ်မတော်စစ်ဆေးရုံမှတာဝန်ရှိသူ အသီးသီးက လက်ခံရယူခဲ့ကြသည်။

ယခုလှူဒါန်းပွဲတွင် ပြည်နယ်အစိုးရအဖွဲ့က ဆေးရုံသုံးကုသရေးအထောက်အကူပြုပစ္စည်းများ၊ လျှပ်စစ်ဓာတ်အားအတွက်နေရောင်ခြည်စွမ်းအင်သုံး(Solar System)နှင့် ဆက်စပ်ပစ္စည်းများ စုစုပေါင်း တန်ဖိုးငွေကျပ်သိန်း(၃၀၀)ကျော်အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


ပြည်နယ်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)