Pages

Pages

စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေး



စဉ့်ကိုင်၊ မတ် ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ ပြန်ကြားရေးပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ပူပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “အသက်နှစ်ဆယ်အရွယ်များသို့” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက စာဖတ်ဝိုင်းများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို  ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း ဒုတိယဥက္ကဋ္ဌ စာရေးဆရာ ဦးအေးကိုကို(ရွှေလွင်ပြင်)က  အဆိုပါစာအုပ်မှ “စစ်မှန်တဲ့မိတ်ဆွေကောင်း” ခေါင်းစဉ်ပါအကြောင်းအရာများကို  ဦးဆောင် ဆွေးနွေးခဲ့ပြီး  (Book Club )အဖွဲ့ဝင် ဦးထွန်းမြင့်က “သမီးတို့ သားတို့အတွက် စကားလက်ဆောင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ခင်စန်း(အဖွဲ့ဝင်)က “အောင်မြင်မှုမှပိုမိုအောင်မြင်ခြင်းဆီသို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊  အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် (Book Club) အဖွဲ့ဝင်များကလည်း စာအုပ်တွင်ပါဝင်သည့် အခန့်ကဏ္ဍများအလိုက် မိမိတို့၏အတွေးအမြင် ရသများအား အသီးသီးပါ၀င်ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ကျော်စွာ(စဉ့်ကိုင်)

https://t.me/MyanmarNationalPost


No comments:

Post a Comment