Pages

Pages

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ




သံတောင်ကြီး၊ မတ် ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူး သိစေရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာ မောင်သာချို၏ လူကြီးလူကောင်းမှောင်ရိပ်ခိုကြတုန်းက စာအုပ်အား ယမန်နေ့ နေ့လယ် (၁) နာရီ အချိန်က သံ‌တောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး နော်နီလာအေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး  နော်မူးကလို (Book Club) အဖွဲ့ဝင်က စာအုပ်ပါအကြောင်းအရာခေါင်းစဉ်ငယ်များဖြစ်သည့် ကံ့ကော်တော၌ စာအုပ်ဝယ်ကြခြင်း၊ ကောက်ညှင်းထုပ်ဝယ်ခြင်းအနုပညာ၊ ကြိုက်တဲ့အချိန်ကြိုက်တဲနေရာမှာ၊ ဖနွမ်းပင်၌ ဧည့်လမ်းညွှန်ခြင်း၊ နှလုံးသားအတွင်း၌ ကထိန်ခင်းကြခြင်း စသည့် အကြောင်းအရာများအား စာဖတ်ဝိုင်းဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး စောသာတောတာ (Youth Club)အဖွဲ့ဝင်က လှလိုက်တဲ့စောင့်စားပုံများ၊ သံပရာရည် ကြိုက်တဲ့သူလက်ညှိးထောင်၊ အလကားလူနှစ်ယောက်၊ ကျက်သရေမနက်ခင်းကလေး၊ မထင်ရှားသည့် အမှတ်အသားများ စသည့် အကြောင်းအရာများ ဖတ်ကြားဆွေေးနွေးပြီး တက် ရောက်လာသော (Book Club / Youth Club ) အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများအား အပြန်အလှန်ဖတ်ကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာရေးဆရာ မောင်သာချို၏ လူကြီးလူကောင်းမှောင်ရိပ်ခိုကြတုန်းက စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ခြင်းဖြင့် အဖေတစ်ဦးမှ သားသမီးများ နည်းမှန် လမ်းမှန်သို့ ရောက်စေရန် မိမိဘဝအတွေ့မကြုံများနှင့်ယှဉ်ပြီး ပြောပြပေးသည့် စာအုပ်ဖြစ်သည့်အတွက် လူငယ်စာဖတ်ပရိသတ်အတွက် များစွာအကျိုး ကျေးဇူးရရှိစေပြီး အသိပညာ ဗဟုသုတ ရရှိစေသော စာအုပ်ဖြစ်ကြောင်း နော်ကပေါ် (Youth  Club) အဖွဲ့ဝင်ထံက သိရသည်။


နော်နော်မူ

https://t.me/MyanmarNationalPost

No comments:

Post a Comment