Pages

Pages



ဝါးခယ်မ၊ မတ် ၂၇

၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် နှစ် (၈၀) ပြည့် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ဝါးခယ်မမြို့နယ် လူစည်ကားရာနေရာများ၌ ယမန်နေ့နံနက်က ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နှစ် (၈၀) ပြည့်တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ အစဥ်အလာကောင်း(၁၂) ရပ်၊ နှင်းအပ်တာဝန်ကျေပွန်ခဲ့သည်၊ နိုင်ငံရေး ရည်မှန်းချက် (၂) ရပ်၊ အမျိုးသားရေး ရည်မှန်းချက် (၂) ရပ်၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးတည်ဆောင်နေ၊ ချစ်ညီ စစ်သည်သို့ စသည့် သိကောင်းစရာများ ပါဝင်သည့် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝါးခယ်မမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ရီရီလွင်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်း လူစည်ကားရာ နေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


လွှမ်းသီဟ (ဝါးခယ်မ)

https://t.me/MyanmarNationalPost


No comments:

Post a Comment