Pages

Pages

ဒူတာတေရဲ့ သားက ICC ကို ပြန်တိုက်မယ်ဆိုပြီး ပြော


မတ် -၁၇ ( တနင်္လာနေ့ ) 

ဖိလစ်ပိုင်နိုင်ငံ ဒါဘောင်မြို့တော်ဝန် စီဘတ်ရှန် ဒူတာတေက ဖခင်ဖြစ်သူအား နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှ ဖမ်းဆီးထားမှုကို ပြန်လည်ခုခံရန် ကတိပြုခဲ့ပါတယ်။ သူက ICC ကို သူ့ရဲ့ဖခင်အား တရားမဝင်ဖမ်းဆီး တယ်လို့ အခိုင်အမာဆိုထားပြီး ICC ဆန့်ကျင်ရန် ထောက်ခံသူများကို အရန်သင့်ပြင်ထားကြဖို့အတွက် တောင်းဆိုထား ပါတယ်။  

ပြီးခဲ့တဲ့အပတ်က ဖိလစ်ပိုင်အာဏာပိုင်တွေက သမ္မတဟောင်း ဒူတာတေကို လေယာဉ်ကွင်းမှာဖမ်းပြီး နယ်သာလန်နိုင်ငံက ICC တရားရုံးရှိရာ သည်ဟိဂ်သို့ ပို့ဆောင်လိုက်ပါတယ်။ ဒူတာတေ က သူ့ရဲ့ 'မူးယစ်ဆေးဝါးစစ်ပွဲ' နှင့် ဆက်နွှယ်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဆိုင်ရာ စွဲချက်ဖြင့် တရားရင်ဆိုင်နေရပါတယ်။ ICC ရဲ့ ဖမ်းဝရမ်းအရ သမ္မတဟောင်းသည် ၂၀၁၆ မှ ၂၀၂၂  ခုနှစ်အတွင်း မူးယစ်ဆေး ရောင်းဝယ်သူနှင့် သုံးစွဲသူများအား တရားလက်လွတ် သတ်ဖြတ်ခြင်းများကို လုပ်ဆောင်သည့် “သေမင်းတမန်အဖွဲ့များ” ကို ဖွဲ့စည်းခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ 

ဒူတာတေရဲ့သားက သည် သူ့ရဲ့ဖခင်အား ဖမ်းဆီးခြင်းသည် “အန္တရာယ်ရှိသော စံနမူနာတစ်ခု” ဖြစ်တယ်လို့ ပြောခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံမှ အခြားတာဝန်ရှိသူများက သမ္မတဟောင်းတစ်ယောက်ကို သာမန်အကျဉ်းသား လွဲပြောင်းပေးသလိုမျိုး လွှဲပြောင်းပေးလိုက်တာနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုခဲ့ပါတယ်။ “ကျနော်တို့ ကြံ့ကြံ့ခံပြီး ပြန်တိုက်ပါမယ်” လို့ ၎င်းက ဆိုပါတယ်။ 

ရိုဒရီဂို ဒူတာတေရဲ့ ရှေ့နေများက ဖိလစ်ပိုင်အစိုးရအား “ပြန်ပေးဆွဲ” တယ်လို့ ပြောဆိုထားပြီး တရားခံ လွှဲပြောင်းမှုသည် ပြည်တွင်းဥပဒေနဲ့ရော ICC စည်းမျဉ်းများကိုပါ ချိုးဖောက်တယ်လို့ ငြင်းခုံခဲ့ပါတယ်။ 


REF : RT                                   

https://t.me/MyanmarNationalPost


No comments:

Post a Comment