Pages

Pages

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား International Buddhist Confederation (IBC) မှ အထွေထွေအတွင်းရေးမှူးနှင့်အဖွဲ့ လာရောက်တွေ့ဆုံ


နေပြည်တော်၊ မတ် ၁၉

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ ဗုဒ္ဓဘာသာအဖွဲ့အစည်းတစ်ခုဖြစ်သည့် International Buddhist Confederation (IBC) အထွေထွေအတွင်းရေးမှူး Ven.Shartse Khensur Rinpoche Jangchup Choeden နှင့်အဖွဲ့သည် ယမန်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဗုဒ္ဓသာသနာထွန်းကားသည့် နိုင်ငံငါးနိုင်ငံသာမက ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရေး၊ ပါဠိဘာသာပြန့်ပွားရေး၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် မီဒီယာကဏ္ဍ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက်နှင့်အညီ နေထိုင်သွားရေး၊ နှစ်နိုင်ငံမီဒီယာသင်တန်းများ ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းရင်းနှီးနှီး ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် International Buddhist Confederation (IBC) မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment