Pages

Pages

သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် - မန္တလေး၌ Symposium နှင့် Hands – On သင်တန်းများ ပြုလုပ်



မန္တ​လေး၊ မတ် ၂

ခေတ်မီဆန်းသစ်လာသော Digital Technology အသုံးပြု၍ သွားနှင့် ခံတွင်းရောဂါများကို ပိုမိုထိရောက်မြန်ဆန်စွာနှင့် လွယ်ကူစွာကုသနိုင်ရန်အတွက် Digital Dentistry ကို တွင်ကျယ်စွာ အသုံးပြုနိုင်ရန် ရည်ရွယ်၍ “Symposium on Digital Dentistry: Its Changes and Challenges” ကို သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် - မန္တလေးရှိ ဇမ္ဗူရစ်ရွှေစင်ခန်းမ၌ ​ဖေဖော်ဝါရီ ၂၈ ရက်နှင့် မတ် ၁ ရက်တို့တွင် ကျင်းပသည်။

အဆိုပါ Symposium တွင် ကိုရီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပညာရှင်လေးဦး၊ ပြည်တွင်းမှ ပညာရှင်သုံးဦးတို့က ဟောပြောဆွေးနွေးခဲ့ကြပြီး အဆိုပါတက္ကသိုလ်မှ သင်ကြားရေးဆရာ ဆရာမများ၊ ဘွဲ့လွန်သင်တန်းသား သင်တန်းသူများ၊ ကန်တော်နဒီ သွားနှင့် ခံတွင်းကုသရေးဆေးရုံနှင့် ခုတင်(၃၀၀)ဆံ့ သင်ကြားရေးဆေးရုံတို့မှ သစ်လွင်သွားနှင့် ခံတွင်းဆရာဝန်များ စုစုပေါင်း ၁၀၀ ခန့် စိတ်ပါဝင်စားစွာ တက်ရောက်ကြသည်။

အခမ်းအနားအပြီးတွင် ကိုရီးယားနိုင်ငံမှ သွားနှင့် ခံတွင်းဆရာဝန်ကြီးက သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် - မန္တလေးအတွက် လေဆာစက်ကိရိယာ (Hu-Laser) နှင့် Bore graft ပစ္စည်းများ လှူဒါန်းသည်။

ထို့ပြင် Guided Implant Sugery နှင့် ပတ်သက်၍ Hands- On သင်တန်းကို ယနေ့မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပရာ ပထမနှစ်သွားဘက်ဆိုင်ရာ ဆေးပညာမဟာသိပ္ပံသင်တန်းသား သင်တန်းသူများ တက်ရောက်လေ့ကျင့်ခဲ့ပြီး Digital Dentistry နှင့်ပတ်သက်သော စက်ကိရိယာပစ္စည်းများကိုလည်း သက်ဆိုင်ရာကုမ္ပဏီများက ပြသခဲ့ကြောင်း သိရသည်။        


#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment