နေပြည်တော်တွင် ပြည်ခိုင်ဖြိုးပါတီ က ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်တွင် ပြည်ခိုင်ဖြိုးပါတီ က ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီဆောင်ရွက်လျက်ရှိ





နေပြည်တော်၊ ဧပြီ ၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုနယ်မြေ ပါတီ ဥက္ကဋ္ဌ ဦးလှဆွေ သည် ယနေ့မနက် ၉ နာရီက ရွှေကြာပင် တိုင်းရုံးအစည်းဝေးခန်း၌ မြို့နယ် ခရိုင် ဥက္ကဋ္ဌ အချို့နှင့် ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီပေးနိုင်ရေး စည်းဝေးတိုင်ပင်ခဲ့ကြောင်း သိရသည်။

ယနေ့ အစည်းဝေး၌ ချက်ပြုတ်မည့် ဒန်အိုးဒန်ခွက်များ စုဆောင်းခြင်း၊ ထင်းစုဆောင်းခြင်း၊ သုံးရေ သိုလှောင်ခြင်း၊ ပြည်ထောင်စုနယ်မြေ ပါတီရန်ပုံငွေမှ မနက်ဖန်အတွက်လိုအပ်မည့် ဖော့ဘူး/ ကြက်သွန်ဖြူနီ/ငြုပ်သီးမှုံ့/ ဆား/ ဟင်းချိုမှုံ့ စသည့် ပုတ်သိုးခြင်းမဖြစ်နိုင်သော ဟင်းချက်စရာများ ကြိုတင်ဝယ်ယူ ထားရှိကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ထမင်းဘူး နေ့စဉ် ဗူး ၁၀၀၀  နှင့်အတူ ရေသန့်ဗူး ၁၀၀၀ နေ့စဉ် မနက် ၁၀ ၌  ဝေ နိုင်ရန် ကြိုတင် ပြင်ဆင်ထားကြောင်း သိရသည်။

ထို့နောက် ဦးလှဆွေနှင့်အဖွဲ့သည် ပျဉ်းမနားမြို့တွင်း တိုက်ပြို ပိမိပြီး ပေါင်ကျိုးအရိုးငေါထွက်  ဆေးရုံတင်မရ ပုတ်ဆော်နံ ဖြစ်နေသော အသက် ၈၇ နှစ်အရွယ် အဖွား ဒေါ်သောင်းတင်အား ပါတီဝင်များ သတင်းပို့ချက်အရ သိရပြီး  တပ်မတော်ကုတင် ၁၀၀၀ တပ်မှုးတို့အား ချိတ်ဆက် ကူညီ ကိုယ်တိုင်လိုက်ပါဆောင်ရွက် ဆေးရုံတင်ပေးခဲ့ကြောင်း သိရသည်။

မနက်ဖန် မနက် ၁၀ နာရီတွင် ကုတင် ၁၀၀၀ ၌ လိုအပ်လျှက်ရှိသည့် သွေး အတွက် ပြည်ခိုင်ဖြိုးပါတီက သွေး လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)