Pages

Pages

ပေါင်မြို့နယ်၌ရွှေချမ်းသာ စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်မှ နွေစပါးရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှု




ပေါင်၊ ဧပြီ ၂၆

မွန်ပြည်နယ်၊ပေါင်မြို့နယ်ရွှေချမ်းသာ စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်မှ နွေစပါးများရိတ်သိမ်းနေမှုအခြေအနေကို ယနေ့ မွန်းလွဲ(၁)နာရီက သမဝါယမဦးစီးအရာရှိအဖွဲ့နှင့် ရင်းငြိမ်တောင်ကျေးရွာမှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့သည်။

ထိုသို့ကြည့်ရှုရာတွင် ရင်းငြိမ်တောင်ကျေးရွာ ရွှေချမ်းသာ စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်၏ အသင်းသားတောင်သူ(၃၈)ဦးမှ နွေစပါးစိုက်ဧက(၄၀၀)တွင်စပါးရိတ်သိမ်းနေမှု အခြေအနေများကို မြို့နယ်သမဝါယမ ဦးစီးဌာနမှဦးစီးအရာရှိနှင့် အဖွဲ့များက နွေစပါးစိုက်ကွင်းသို့ စပါးရိတ်သိမ်းနေမှုနှင့် စပါးထွက်ရှိမှုအခြေအနေအား  ကွင်းဆင်းကြီးကြပ်ကြည့်ရှုခဲ့ကြောင်း သိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment