Pages

Pages

မိုဒီက အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ကမ္ဘာကြီးကို ကြိမ်းပြီ



ဧပြီ - ၂၄ (ကြာသပတေးနေ့ ) 

ဧပြီလ ၂၂ ရက်နေ့က ဂျမှု နဲ့ ကတ်ရှ်မီးယား ဒေသမှာ အကြမ်းဖက်သမားတွေကို ပစ်ခတ်မှုကြောင့် နိုင်ငံခြားသား ၂ ဦးအပါ အိန္ဒိယသား ၂၀ ကျော်အတွက် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ဒီကနေ့ ပြင်းပြင်းထန်ထန် သတိပေးမှုတစ်ခုကို အင်္ဂလိပ်ဘာသာနဲ့ ပြောသွားခဲ့ပါတယ်။ 

"ကျနော် ကမ္ဘာကြီး တစ်ခုလုံးကိုပြောချင်တာကတော့ ကမ္ဘာပေါ်က ဘယ်အကြမ်းဖက်သမားမဆို နဲ့ သူတို့နောက်မှာရှိတဲ့ လက်မဲကြီးတွေကို ခြေရာခံဖော်ထုတ်ပြီး အပြစ်ပေးသွားမှာပါ။ ကမ္ဘာမြေပေါ်မှာ အကြမ်းဖက်ဝါဒ တည်ရှိနေတာကို အဆုံးသတ်ပေးသွားပါမယ်။ ကျနော်တို့အိန္ဒိယကို အကြမ်းဖက်ပြရုံနဲ့ ပြိုကွဲသွားမယ်လို့ မထင်ပါနဲ့။ အကြမ်းဖက်သမားတွေကို မဖြစ်ဖြစ်အောင်ကို မရ ရတဲ့နည်းနဲ့ အပြစ်ပေးသွားမှာပါ။ ပါဟယ်ဂန်အကြမ်းဖက်မှုမှာ ပါတဲ့ သူတွေ၊ အဲ့ဒါကို စီစဉ်တဲ့သူတွေ နဲ့ ထောက်ပံ့ပေးတဲ့ သူတွေ အားလုံး ကို ကျနော် ရှင်းရှင်းလင်းလင်းပြောချင်တာကတော့ ခင်ဗျားတို့ စိတ်ကူးလို့တောင်မရတဲ့ ထင်တောင် မထင်ထားတဲ့ အပြစ်ပေးမှုတွေ လုပ်မယ် ဆိုတာပါပဲ" လို့ ဆိုသွားပါတယ်။ 


REF: PMO INDIA

https://t.me/MyanmarNationalPost

No comments:

Post a Comment