Pages

Pages

နတ်မောက်မြို့နယ်တွင်သဘာဝဘေး အန္တရာယ်များမှကင်းဝေးစေရေး အန္တရာယ်ကင်းပရိတ်တရားတော်နှင့် ပဋ္ဌားန်းများ ရွတ်ဖတ်ပူဇော်






နတ်မောက်  ဧပြီ ၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင်ရဟန်းရှင်လူပြည်သူအများ သဘာဝဘေး အန္တရာယ်များမှ ကင်းဝေးစေရန်ရည်ရွယ်၍ အန္တရာယ်ကင်းပရိတ်တရားတော်နှင့် ပဋ္ဌာန်းများ ရွတ်ဖတ်ပူဇော်ခြင်းကို ယနေ့ည ၇ နာရီအချိန်က ကန်ကြီးရပ်ကွက်ရွှေဘုံသာဘုန်းတော်ကြီးကျောင်းဓမ္မာရုံအတွင်း ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

ရှေးဦးစွာကြွရောက်တော်မူလာကြသောဆရာတော်၊ သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်ရှိ ဝတ်အသင်းအဖွဲ့များက  နမောတဿသုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့ကြပြီးရွှေဘုံသာဘုန်း တော်ကြီးကျောင်းတိုက်ဆရာတော် နှင့် သံဃာတော်များကနိုင်ငံတစ် ဝန်းရှိရဟန်းရှင်လူပြည်သူအများ မီးဘေး၊ လေဘေး၊ ရေဘေး နှင့် ငလျင်ဘေး စသည့်သဘာဝဘေး အန္တရာယ်များမှ ကင်းဝေးစေရန် အတွက် အန္တရာယ်ကင်းပရိတ်တရားတော်နှင့် ပဋ္ဌာန်းများ ရွတ်ဖတ်ပူဇော်ကြသည်။

နတ်မောက်မြို့၌မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြန်မာနိုင် ငံရဲတပ်ဖွဲ့ နှင့် ဌာနဆိုင်ရာရုံး

များတွင် သဘာဝဘေးအန္တရာယ် ကင်းဝေးစေရေး အန္တရာယ်ကင်း ပရိတ်တရားတော်များ၊ ပဋ္ဌာန်းများ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment